SJ WorldNews - шаблон joomla Авто

ခံစစ်ပိုင်း သက်ငယ်ကစားသမားများဖြင့် ပြောင်းလဲရန်အတွက် မော်ရင်ဟို ပေါင်သန်း ၁၂ဝ အသုံးပြုရန် ခွင့်ပြုချက် ရထား

Thursday, 13 February 2020 09:39 font size decrease font size decrease font size increase font size increase font size

စပါးနည်းပြ မော်ရင်ဟိုသည် လာမည့် နွေရာသီဈေးကွက်တွင်  သက်ကြီးကစားသမားများနေသော  အသင်း၏ ခံစစ်ကြောင်းကို အသက်ငယ်သူများနှင့် လဲရန်အတွက် ငွေကြေး ပေါင်သန်း ၁၂ဝ အထိ အသုံးပြုရန် ခွင့်ပြုချက်ရထား ကြောင်း သိရသည်။

လက်ရှိ အသင်းအဓိက ခံစစ်မှူး ဘာတွန်ဂမ်သည်  အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး အသင်း၌ ရှစ်နှစ်ကြာ ကစားပေးခဲ့သော်လည်း သက်တမ်းတိုးရန် ကမ်းလှမ်းမှု မရှိ၍ လာမည့်ရာသီတွင် ဘာတွန်ဂမ်မပါဘဲ စပါးအသင်း ခရီးဆက်ဖွယ်ရှိသည်။

အသက် ၂၉ နှစ်ရှိပြီ ဖြစ်သော တောင်ပံခံစစ်မှူး ဒန်နီရို့စ်သည်လည်း မော်ရင်ဟိုနှင့် အဆင်မပြေခြင်းကြောင့်  နယူးကာဆယ်သို့  အငှားဖြင့် သွားကစားနေပြီး အနာဂတ်တွင်လည်း ပြန်လည်ပါဝင်နိုင်ဖွယ် မရှိတော့ပေ။

မော်ရင်ဟိုသည် အသင်းမှ ၁၉ နှစ်အရွယ် ဆက်ဆက်ဂနွန်နှင့် အသက် ၂ဝ အရွယ် တန်ဂန်ဂါတို့ကို အသင်း၏ အနာဂတ် ခံစစ်မှူးများအဖြစ် ဆက်လက် နေရာပေးမည်ဖြစ်ပြီး ခံစစ်မှူးသစ်များ ခေါ်ယူရန် ပစ်မှတ်ထားနေရာ ယင်းတွင် ၂၂ နှစ်အရွယ် ဘင်ဖီကာခံစစ်မှူး ရူဘင်ဒီရက်စ်လည်း တစ်ဦး အပါအဝင်ဖြစ်သည်။ ယခင်က မန်ယူ၊ မန်စီးတီးနှင့် လီဗာပူး အသင်းတို့၏ ပစ်မှတ်ထားခြင်းခံရသော ဒီရက်စ်သည် ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် ၁၆ ပွဲကစားပေးထားနိုင်သူ ဖြစ်၍ မော်ရင်ဟိုက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။

မော်ရင်ဟိုသည် နောဝှစ်ခ်ျမှ အေရွန်မက်စ်ဝဲလ်၊ ဘုန်းမောက်မှ နသန်အာကီနှင့် လက်စတာမှ ဘန်ချီဝဲလ် တို့ကိုလည်း ခေါ်ယူရန် ဆန္ဒရှိနေသည်။        

Ref:BT

Read 108 times Last modified on Thursday, 13 February 2020 09:40