SJ WorldNews - шаблон joomla Авто

AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ရှုံးနိမ့်

Thursday, 13 February 2020 09:49 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု(H) ပထမနေ့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့်  ဖိလစ်ပိုင်ကလပ် ကာယာအသင်းတို့ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းက ကာယာအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ရှမ်းယူနိုက်တက် အသင်းသည် AFC Cup ပြိုင်ပွဲ၌ သုံးရာသီဆက်တိုက် ယှဉ်ပြိုင်ခွင့်ရသော်လည်း ရလဒ်ဆိုးရွားနေမှုကို ရပ်တန့်နိုင်ခြင်းမရှိဘဲ စုစုပေါင်း ၁၃ ပွဲမြောက်တွင် ၁၂ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ကာယာအသင်းမှာ ရှမ်းယူနိုက်တက်အသင်းက ခြေမသာသော်လည်း မိနစ် ၇ဝ နောက်ပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ကာယာအသင်း၏ ခံစစ်ကစားပုံကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အပြင် တိုက်စစ်ဆင်မှုများမှာ အမှားများနေသောကြောင့် ထိရောက်သည့် ဂိုးသွင်းခွင့်မရခဲ့ပေ။ အထောင်တိုက်စစ်မှူးအဖြစ် ကစားသည့်ထက်ဖြိုးဝေမှာ ခြေစွမ်းမပြနိုင်၍ ရှမ်းယူနိုက်တက်အသင်း ပထမပိုင်းတွင် ဂိုးပေါက်ပျောက်ဆုံးကာ ဂိုးမရှိ သရေကျနေသည်။

၇၄ မိနစ်တွင် ပေးလိုက်ရသည့် ပယ်နယ်တီမှာ ပွဲ၏အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ဘီဒစ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့၍ ကာယာအသင်း အဖွင့်ဂိုးရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း ၈၅ မိနစ်တွင် ဂျီဂန်တိုက ဒုတိယဂိုးသွင်းယူကာ ကာယာအသင်းကို အမှတ်ပြည့်ရစေခဲ့သည်။

ရှမ်းယူနိုက်တက် အသင်းသည် အုပ်စုဒုတိယပွဲကို အဝေးကွင်း ကစားရမည်ဖြစ်ရာ နိုင်ပွဲပြန်ရရန် ရုန်းကန်ရတော့မည် ဖြစ်သည်။

Read 43 times Last modified on Thursday, 13 February 2020 09:50