SJ WorldNews - шаблон joomla Авто

ဇန်န၀ါရီလအတွက် မြန်မာနေရှင်နယ်လိဂ်-၂ အကောင်းဆုံး နည်းပြနှင့် ကစားသမားဆုကို မြ၀တီ အသင်းရရှိ

Sunday, 16 February 2020 14:02 font size decrease font size decrease font size increase font size increase font size

ဇန်န၀ါရီလအတွက် မြန်မာနေရှင်နယ် လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ တစ်လ တာ အကောင်းဆုံးနည်းပြဆုကို   မြ၀တီ အသင်းမှ    နည်းပြဦးမောင်မောင်အေးနှင့်   ကစားသမားဆုကို    တိုက်စစ်မှူး ကောင်းစည်သူတို့ ရရှိကြသည်။

နည်းပြဦးမောင်မောင်အေး ဦးဆောင်သည့် မြ၀တီအသင်းသည် ယခုနှစ်ဘောလုံး ရာသီအစ  ဇန်န၀ါရီလအတွင်း  ယှဉ်ပြိုင်သည့် မြန်မာနေရှင်နယ်လိဂ်-၂ အဖွင့်ပွဲစဉ် နှစ်ပွဲတွင် ကချင်အသင်းကို ၂ ဂိုး - ဂိုးမရှိ၊ ငွေကြယ်ပွင့်အသင်းကို ၄ ဂိုး -၂ ဂိုးတို့ဖြင့် နှစ်ပွဲဆက် အနိုင်ရရှိထားပြီး  ချင်းလန်း၊ ဂျူနီယာလိုင်းယွန်း အသင်းတို့နှင့်   ရမှတ် ခြောက်မှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။

ထို့အတူ   မြ၀တီအသင်း တိုက်စစ်မှူး ကောင်းစည်သူသည် အသင်းဖော်များနှင့် တွဲဖက် မိမိခြေစွမ်းပြနိုင်ခဲ့ပြီး   ရာသီအစ နှစ်ပွဲကစားပြီးချိန်တွင် တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီးပေးထားသည်။

အဆိုပါ အကောင်းဆုံး နည်းပြဆုနှင့် ကစားသမားဆုများကို  ဖေဖော်ဝါရီ  ၁၄ ရက်က ပဒုမ္မာအားကစားကွင်း၌ ကျင်းပသည့် မြ၀တီနှင့် ချင်းလန်းအသင်းတို့ပွဲစဉ် မတိုင်မီ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီလ အတွက် တစ်လတာ အကောင်းဆုံးနည်းပြ ဆုရရှိသည့်    ဦးမောင်မောင်အေးအား ဆုကြေးငွေကျပ် ငါးသောင်းနှင့် အကောင်း ဆုံး ကစားသမားဆုရရှိသည့် တိုက်စစ်မှူး ကောင်းစည်သူအား    ဆုကြေးငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့သည်။

ယခုနှစ်    မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင်   အသင်း ပေါင်းရှစ်သင်း ပါဝင်ပြီး နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် နှစ်ပွဲ အပြီးတွင် ချင်းလန်း၊ မြ၀တီနှင့် ဂျူနီယာ လိုင်းယွန်းအသင်း တို့က ရမှတ်ခြောက်မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက် အသာရသည့်  ချင်းလန်းအသင်းက ထိပ်ဆုံး၌  ဦးဆောင်နေကာ   မြ၀တီအသင်းက  အဆင့် (၂) နှင့် ဂျူနီယာလိုင်းယွန်း အသင်း က အဆင့် (၃)နေရာ၌ ရပ်တည်နေသည်။                

Read 33 times Last modified on Sunday, 16 February 2020 14:03