SJ WorldNews - шаблон joomla Авто

ဂျိုတား၏ဖိနပ် ခြေမလောက်သာ လူကျွံခြင်းကို ဂိုးမပေး၍ ၀ုဗ်အသင်း ခေါင်းဆောင်ကိုအာဒီ ဒိုင်လူကြီးအား စောဒကတက်

Sunday, 16 February 2020 14:08 font size decrease font size decrease font size increase font size increase font size

ဝုဗ်နှင့် လက်စတာအသင်းတို့ ဂိုးမရှိ သရေကျသည့် ဖေဖော်ဝါရီ ၁၄ ရက်ည ပရီးမီးယားလိဂ်ပွဲတွင်  ပွဲချိန်ပထမပိုင်း  ပီဒရိုနီတို ခေါင်းတိုက်သွင်းယူသည့် ဂိုးကို  VARစနစ်ဖြင့် ဆုံးဖြတ်ရာတွင်   ကွင်းလယ်ဒိုင် မိုက်ဒိန်းသည်   လူကျွံ သည်အား မမြင်ခဲ့သော်လည်း   VAR စနစ်ဆုံးဖြတ်ချက် အတိုင်း  ဂိုးမပေးခဲ့သဖြင့် ၀ုဗ်အသင်း များစွာ နစ်နာခဲ့ရသည်။

ထို့အတွက် ပထမပိုင်းအပြီး ဥမင်အတွင်းအ၀င်၌  ၀ုဗ်အသင်း ခေါင်းဆောင် ကွန်နာကိုအာဒီက ကွင်းလယ်ဒိုင်မိုက်ဒိန်းအား  ဂိုးမပေးသည်ကို စောဒကတက်ကာ လိုက်မေးခဲ့သည်။ ဂိုးဝင်သွားသဖြင့် ၀ုဗ်အသင်းသားများ အောင်ပွဲခံပြီး မိနစ်အနည်းငယ်ကြာမှ ထိုဂိုးတွင် လက်စတာဂိုးစည်း ဘယ်ဘက်အစွန်နား၌ ရှိနေသော  ၀ုဗ်ကစားသမား  ဂျိုတား၏  ဖိနပ်ခြေမစွန်းလောက်သာ လူကျွံစည်း အတွင်း ၀င်နေသည်ဟု ဆိုကာ VAR စနစ်ဖြင့် ဂိုးပေးရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကိုအာဒီက ဥမင်အတွင်းအ၀င်၌  ကွင်းလယ်ဒိုင် မိုက်ဒိန်းအား ““ဘယ်သူ လူကျွံနေခဲ့တာလဲ။ ဂိုးဝင်သွားချိန်မှာ ဂျိုတားက  လူကျွံအနေအထားမှာ ရှိနေခဲ့တာလား”” ဟု စောဒကတက် မေးမြန်းခဲ့သည်။ ထိုမေးမြန်းမှုကို မိုက်ဒိန်းက နားကြပ်အား လက်ဖြင့်ထိုးပြပြီး သူမမြင်ခဲ့သော်လည်း  VAR  စနစ်ကြောင့်ဟု ရှင်းပြခဲ့သည်။ ကိုအာဒီက မကျေမနပ်ဖြင့် ““ဒါဆို ဘယ်သူမှ မသိခဲ့ဘူးပေါ့။ ခင်ဗျားက ဒီပွဲရဲ့ ကွင်းလယ်ဒိုင်ဖြစ်တယ်။ ပြီးတော့ လူကျွံတာကို မသိခဲ့ဘူး ဟုတ်လား”” ဟု တုံ့ပြန် ပြောကြားသည်။

Read 24 times Last modified on Sunday, 16 February 2020 14:09