SJ WorldNews - шаблон joomla Авто

မန်ယူကစားသမားသစ် အိုက်ဂါလို ချယ်လ်ဆီးနှင့်ပွဲတွင် ပွဲထွက်ဖွယ် ရှိနေ

Sunday, 16 February 2020 14:16 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့် ဇန်န၀ါရီဈေးကွက်က  မန်ယူအသင်းသို့ ရှန်ဟိုင်းရှင်ဟွာမှ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ပြောင်းလာသော   နိုက်ဂျီးရီးယား တိုက်စစ်မှူး အိုက်ဂါလိုသည် ဖေဖော် ၀ါရီ  ၁၇ ရက်ည  ချယ်လ်ဆီးနှင့် ကစားရမည့်ပွဲတွင် မန်ယူအတွက်  စတင်ပွဲထွက်ဖွယ် ရှိနေပြီး ၎င်းင်းက မန်ယူတွင် သွင်းသမျှဂိုးတိုင်းကို  ဒီဇင်ဘာလအတွင်းက ရုတ်တရက် ကွယ်လွန်သွားသော  အစ်မဖြစ်သူ  မယ်ရီ အတ်တိုလီအတွက် ရည်စူးကြောင်း ထုတ်ဖော် ပြောသည်။

၄၃ နှစ်အရွယ်  မယ်ရီအတ်တိုလီသည် ဒီဇင်ဘာ ၁၂ ရက်က  ကနေဒါရှိ နေအိမ်၌ ရုတ်တရက် လဲကျ သေဆုံးသွားခြင်းဖြစ်သည်။ထို့ကြောင့် အိုက်ဂါလိုသည် မန်ယူအတွက် ကစားမည့် ဖိနပ်တွင် မယ်ရီအတ်တိုလီ အမည်ရေးထိုး ကစားမည်ဖြစ်ပြီး မန်ယူဂျာစီ အောက်တွင်လည်း သူမအား ရည်ညွှန်းသည့် ၀တ်စုံကို ခံဝတ်ကစားကာ ဂိုးသွင်းနိုင်လျှင် ထုတ်ဖော် ပြသပြီး အောင်ပွဲခံရန်  ပြင်ဆင်ထားသည်။

အိုက်ဂါလိုက““ကျွန်တော်သွင်းသမျှ ဂိုးတိုင်းကို အစ်မအတွက် ရည်စူးမှာပါ။ ကစားသမား ဘ၀ဆုံးသွားတဲ့ အထိပါပဲ။  သူ ကျွန်တော်နဲ့ အမြဲအတူရှိနေကြောင်းကို ဘောလုံးပွဲ ကစားရင် ဂျာစီအောက်မှာ သူ့အတွက် အထူးလုပ်ထားတဲ့ ရှပ်အင်္ကျီ အဖြူရောင်ကိုလည်း ၀တ် ဆင် ကစားမှာပါ”” ဟု ပြောသည်။

Read 26 times Last modified on Sunday, 16 February 2020 14:16