SJ WorldNews - шаблон joomla Авто

ဥရောပပြိုင်ပွဲ နှစ်ရာသီ ပိတ်ပင်ခံရခြင်းကြောင့် မန်စီးတီး ပေါင်သန်း ၁၇၀ နစ်နာ ၊ ယခုရာသီ ပရီးမီးယားလိဂ် အဆင့်(၅) အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရရှိနိုင်မည်

Sunday, 16 February 2020 14:20 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်နှစ်ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့သော  မန်စီးတီး အသင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်အဖြစ် ယူအီးအက်ဖ် အေသည်  လာမည့်နှစ် ရာသီဆက်တိုက် မည်သည့် ဥရောပပြိုင်ပွဲမျှ ကစားခွင့်မပြုဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြစ်ဒဏ်ချမှတ်လိုက်သည်။

မန်စီးတီးအသင်း၏   အတွင်းရေးများကို ပေါ်တူဂီနိုင်ငံသား လူငယ် ဟက်ကာရူအီပင်တိုက ပြီးခဲ့သည့် နှစ်များအတွင်း  အီးမေးလ်များအား ကြားဖြတ်ခိုးဝင်ပြီး  သတင်းအချက်အလက်များ ရယူကာ ဂျာမနီမီဒီယာ တစ်ခုတွင် စဉ်ဆက်မပြတ် ဖော်ထုတ် ရေးသားခဲ့ရာမှ ယူအီးအက်ဖ်အေသည် စုံစမ်းစစ်ဆေးမှု ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးနောက် မန်စီးတီးအသင်းသည်  မိမိတို့ချမှတ်ထားသည့် ဘဏ္ဍာရေးမျှခြေ စည်းမျဉ်းအား ဆိုးဆိုးဝါးဝါးချိုး ဖောက်ကြောင်းနှင့်  စပွန်ဆာငွေကြေးများ ရယူရာတွင်လည်း  စာရွက်စာတမ်းများကို  မလိမ့်တပတ်လုပ်ပြီး  အသင်းပိုင်ရှင်နှင့် ပတ်သက်သော ကုမ္ပဏီများမှ သာမန်ထက် များပြားလွန်းသည့် စပွန်ဆာငွေများ ပြခဲ့သည်ဟုဆိုကာ နှစ်ရာသီဆက် တိုက် မည်သည့် ဥရောပပြိုင်ပွဲမျှ ၀င်ပြိုင်ခွင့်မပြုဘဲ ဒဏ်ငွေအဖြစ် ပေါင် ၂၅ သန်းချမှတ်လိုက် ကြောင်း အတည်ပြု ကြေညာခဲ့သည်။

မန်စီးတီးအသင်းက မိမိတို့ဘက်မှ မည်သည့် စည်းမျဉ်းချိုးဖောက်မှုမျှ မရှိဟုဆိုကာ အားကစား လောကတွင် အမြင့်ဆုံးဖြစ်သည့်  အားကစား အငြင်းပွားမှုခုံရုံးသို့  အယူခံဝင်မည်ဖြစ်ကြောင်း နှင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းအတွက် အံ့အားသင့်မှု မရှိဟု သတင်းထုတ်ပြန်သည်။

ယူအီးအက်ဖ်အေမှ ချမှတ်သည့် ဘဏ္ဍာရေး မျှခြေစည်းမျဉ်းနှင့် မတူသော  စည်းမျဉ်းတစ်ရပ် ကိုလည်း ပရီးမီးယားလိဂ်မှ ချမှတ်ထားရာ ထိုကိစ္စကို စုံစမ်းနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်သည်လည်း မန်စီးတီးပြစ်ဒဏ် ကျူးလွန်ကြောင်း ထင်ရှားပါက ယခုရာသီမှာပင် အမှတ်လျှော့ပြစ်ဒဏ် ချမှတ်ဖွယ်လည်း ရှိနေသည်။  ယူအီးအက်ဖ်အေက မန်စီးတီးသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း စည်းမျဉ်းများ ချိုးဖောက်ခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းပါဝင်မှု မရှိသည့်အတွက်  ဒဏ်ရိုက်ခဲ့ခြင်း ဖြစ်ရာ မန်စီးတီးအတွက် ပေါင်သန်း ၁၇၀ နစ်နာရမည်ဟု သိရသည်။

ယခုကဲ့သို့ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် ယခုရာသီ ပရီးမီးယားလိဂ်တွင်  အဆင့်(၅)ရသည့် အသင်းသည် မန်စီးတီးအစား ချန်ပီယံလိဂ်ဝင်ခွင့် ရနိုင်မည်ဖြစ်၍ ရှက်ဖီးလ်ယူနိုက်တက်၊ စပါး၊ ၀ုဗ်၊ အဲဗာတန်၊  မန်ယူနှင့်  အာဆင်နယ်တို့ အတွက် အခွင့်အလမ်းကောင်း တစ်ရပ် ရရှိနိုင်ခဲ့ကြပြီဖြစ်သည်။                             

Read 30 times Last modified on Sunday, 16 February 2020 14:21