SJ WorldNews - шаблон joomla Авто

၂၀၂၀ ပြည့်နှစ် ၀န်ကြီးဌာန ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ

Wednesday, 19 February 2020 09:43 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၁၈

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန   အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့်  မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၀ ပြည့်နှစ်  ၀န်ကြီးဌာန ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို  ယနေ့နံနက် ၆ နာရီ  ၁၅ မိနစ်တွင် နေပြည်တော်ရှိ ၀ဏသိဒ်္ဓိ အားကစား ပြိုင်ကွင်း၌ ကျင်းပသည်။

ယနေ့ပြိုင်ပွဲများအဖြစ် ကီလိုမီတာ ၂၀လမ်းလျှောက်(ကျား)၊ ကီလိုမီတာ ၁၀လမ်းလျှောက်(မ)၊ ကြိုးတပ်သံလုံးပစ် (ကျား/မ)၊ တန်းမြင့်ခုန်(ကျား)၊ မီတာ ၁၁၀ တန်းကျော်ပြေး (ကျား)၊ မီတာ ၁၀၀ တန်းကျော်ပြေး(မ)၊ သံပြားဝိုင်းပစ် (ကျား)၊ တန်းမြင့်ခုန်(မ)၊ မီတာ ၃၀၀၀ တားဆီးကျော်ပြေး(ကျား/မ)၊ သုံးဆင့်ခုန်(မ)၊ တုတ်ထောက်ခုန်(ကျား)၊  သံလုံးပစ်(မ)၊ မီတာ ၈၀၀ (ကျား/မ)၊ မီတာ ၂၀၀ (မ)၊  လှံတံပစ်(ကျား)၊ မီတာ ၁၀၀ x ၄ လက်ဆင့်ကမ်း(ကျား/မ)၊  မီတာ ၁၅၀၀(ကျား)ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြသည်။   

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများ အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်း ရရှိသည်။

ကျော်လွင်

Read 24 times Last modified on Wednesday, 19 February 2020 09:44