SJ WorldNews - шаблон joomla Авто

MIU အသင်း အာဆီယံနှင့် အာရှဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ

Wednesday, 19 February 2020 10:33 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖူဆယ်

MIU  ဖူဆယ်အသင်းသည်  ယခုနှစ် ပြည်တွင်းဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိခဲ့သည့်အတွက်  အာဆီယံနှင့် အာရှ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။

MIU အသင်းသည် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသည့် ဖူဆယ်လိဂ်ရာသီပိတ် နောက်ဆုံးပွဲတွင် ဠ့ဃ အသင်းကို လေးဂိုး စီသရေကျကာ ရမှတ်တူညီနေသော်လည်း အဝေးဂိုးစည်းမျဉ်းအရ ဗိုလ်စွဲခဲ့သည့် အတွက် အာဆီယံနှင့် အာရှ ဖူဆယ်ကလပ် ပြိုင်ပွဲ  ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သည်။

““ဖူဆယ်လိဂ် ချန်ပီယံဖြစ်တဲ့ အတွက် စည်းမျဉ်းအရ အာဆီယံနဲ့ အာရှဖူဆယ် ကလပ်ပြိုင်ပွဲ နှစ်ခုစလုံး ၀င်ပြိုင်ခွင့် ရထားပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲနှစ်ခုထဲက တစ်ခု ကိုပဲ သေချာအာရုံစိုက်ပြီး ယှဉ်ပြိုင်မှာပါ။ ဘယ်ပြိုင်ပွဲကို ယှဉ်ပြိုင်မလဲ ဆိုတာတော့ အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ”” ဟု MIU အသင်း  နည်းပြချုပ်  ဦးသန်းဝဏအောင်က ပြောသည်။

MIU အသင်းသည်  ယခုနှစ်တွင် ပြည်ပကစားသမားနှစ်ဦး ခေါ်ယူခဲ့သော် လည်း လက်ရှိတွင် ၎င်းတို့နှစ်ဦးမှာ စာချုပ် သက်တမ်းကုန်ဆုံးပြီဖြစ်သည်။ ယင်းကစား သမားနှစ်ဦးကို နိုင်ငံတကာဖူဆယ်ပြိုင်ပွဲအတွက် သက်တမ်းတိုး၊ မတိုး မဆုံးဖြတ်ရ သေးကြောင်း သိရသည်။

MIU အသင်းသည်  ၂၀၁၉  ခုနှစ်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  တတိယဆု ရရှိခဲ့သည်။

MIU အသင်းသည် အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲတစ်လျှောက်   လေးကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လေးကြိမ်စလုံး တတိယဆုဖြင့်သာ ကျေနပ် ခဲ့ရသည်။

TZW

Read 24 times Last modified on Wednesday, 19 February 2020 10:35