SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဖေဖော်ဝါရီနောက်ဆုံးပတ်တွင် စတင်လေ့ကျင့်မည်

Wednesday, 19 February 2020 11:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဖူဆယ်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာဆီယံဖူဆယ်ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ဖေဖော်ဝါရီနောက်ဆုံး ပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း ဖူဆယ် ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်က ပြောသည်။

““ဖေဖော်ဝါရီ ၂၄ ရက်လောက် စပြီးလေ့ကျင့်မယ်။ အသင်းကို A နဲ့ B  နှစ်သင်း ဖွဲ့ဖို့ စီစဉ်ထားတယ်။ ကစား သမားတွေ ဒဏ်ရာရရင် အသင့် အစားထိုးလို့ ရအောင်ပါ။ အာဆီယံပွဲမတိုင်မီ ခြေစမ်းပွဲတွေ ကစားဖို့လည်း ရှိပါတယ်။ ပြည်ပကို လည်း လေ့ကျင့် ရေးခရီးစဉ်စေလွှတ်ဖို့ အစီအစဉ်ရှိပါတယ်””  ဟု ဒေါက်တာရဲမွန်ထွဋ်က ပြောသည်။

၂၀၂၀ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင် ပွဲကို ဇူလိုင် သို့မဟုတ် သြဂုတ်လအတွင်း ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ၂၀၁၉ အာဆီယံဖူဆယ် ပြိုင်ပွဲတွင် တတိယ နေရာလုပွဲတက်ရောက် ခဲ့သော်လည်း အိမ်ရှင် ဗီယက်နမ်ဖူဆယ် အသင်းကိုရှုံးနိမ့်ပြီး စတ္ထုဖြင့်သာ ကျေ နပ်ခဲ့ ရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိ ရသည်။

TZW

Read 73 times Last modified on Wednesday, 19 February 2020 11:26