SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲအတွက် ကစားသမားများ လေ့ကျင့် ပြင် ဆင်လျက်ရှိ

Wednesday, 19 February 2020 11:27 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ မြားပစ်

ရှစ်ကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို  မြန်မာနိုင်ငံ၌  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါပြိုင်ပွဲကို မေ ၉ ရက်မှ ၁၅ ရက် အထိ ရန်ကုန်မြို့ရှိ ကျိုကဆံမြားပစ်ကွင်း၌ ကျင်းပမည်ဖြစ်ပြီး တစ်ဦးချင်း (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲ၊ အဖွဲ့လိုက်(အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲနှင့် အမျိုးသား၊ အမျိုးသမီး (ငြထွှနော) ပြိုင်ပွဲများ ထည့်သွင်း ကျင်းပမည်ဖြစ်ရာ မြန်မာမြားပစ်အဖွဲ့အနေဖြင့် ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးစလုံး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

““ဒီနှစ် အရှေ့တောင် အာရှမြားပစ်ပြိုင်ပွဲ ကို မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားပါတယ်။ ပြိုင်ပွဲကိုတော့ ရန်ကုနှ်ာပဲ ကျင်းပသွားမှာပါ။ အိမ်ရှင်လည်းဖြစ် တဲ့အတွက် ပြိုင်ပွဲမှာ ကစားသမားအများဆုံးဝင်ပြိုင်ဖို့ရှိပါတယ်။  ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့   အကောင်းဆုံးပြင်ဆင်ထားပါတယ်””ဟု ၎င်းကပြောသည်။

မြန်မာမြားပစ်အဖွဲ့ကို တောင်ကိုရီးယား နိုင်ငံသားနည်းပြက တာဝန်ယူဆောင်ရွက်နေပြီး လက်ရှိတွင် အမျိုးသား ၁၂ ဦးနှင့်  အမျိုးသမီး ၁၃ ဦး စုစုပေါင်း ကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင် လျက်ရှိသည်။

မြန်မာမြားပစ်အဖွဲ့သည် ၂၀၁၈ ခုနှစ် အရှေ့တောင်အာရှမြားပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၁၀ ခု၊ ငွေတံဆိပ်ဆု ခြောက်ခုနှင့် ကြေးတံဆိပ်ဆု ခုနစ်ခုဖြင့် နိုင်ငံအလိုက် ပထမရရှိခဲ့သည်။

TZW

Read 58 times Last modified on Wednesday, 19 February 2020 11:27