SJ WorldNews - шаблон joomla Авто

နိုင်ပွဲ ဆက်တိုက် ရရှိနေသည့် ရွှေရာမာဉ်ကို အလဲထိုး အနိုင်ယူမည်ဟု ထွန်းထွန်းမင်းဖွင့်ဟ

Wednesday, 19 February 2020 11:27 font size decrease font size decrease font size increase font size increase font size

ရေး၊ လက်ဝှေ့

မွန်ပြည်နယ် ရေးမြို့နယ် သောင်ပြင် ကျေးရွာ၌ ဧပြီ ၇ ရက်တွင် ကျင်းပမည့်မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၌ ထွန်းထွန်း မင်းက ရွှေရာမာဉ် (ရာဇာဓိရာဇ်)ကို အလဲထိုး အနိုင်ယူမည်ဖြစ်ကြောင်း ပြောသည်။

““အခုထိတော့ ပြိုင်ပွဲအတွက် ဘာမှမပြင် ဆင်ရသေးပါဘူး။ ဒီကြားထဲ အကောင်းဆုံးပြင်ဆင်မှာပါ။ ရွှေရာမာဉ်က အခု တက်လာတဲ့ ကစားသမားတွေထဲမှာ အကောင်း ဆုံးကစားသမားလို့ ပြောလို့ရတယ်။ သူလည်း အကောင်းဆုံး ကြိုးစားမယ်လို့ ထင်ပါတယ်။

ကျွန်တော့် အနေနဲ့ ဒီပွဲမှာ အနိုင်ရအောင် အစွမ်းကုန်ကြိုးစားမှာပါ””ဟု ထွန်းထွန်းမင်းက ပြောသည်။

ရွှေရာမာဉ်သည် ဇန်န၀ါရီလက သောင်ပြင်ကျေးရွာ၌ ကျင်းပသောပွဲတွင် ဒေနပ်ခွန်း(ထိုင်း) ကစားသမားကို အနိုင် ယူခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်က ရေးမြို့ ရွှေဆံတော်နှင့် စကားတောင် စေတီ ဗုဒပူဇနိယ ပွဲတော်တွင် ကျင်းပသည့် ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲတွင်လည်း တိုခဲရှိ (ဂျပန်)ကို အလဲထိုး အနိုင်ယူ ခဲ့သည်။                        

TZW

 

Read 31 times Last modified on Wednesday, 19 February 2020 11:29