SJ WorldNews - шаблон joomla Авто

မန်စီးတီး ပြစ်ဒဏ်ခံရ၍ အဆင့် (၅) အသင်း ချန်ပီယံလိဂ်ဝင်ခွင့် ရမည်ဆိုလျှင် ၂၀၁၈ ခုနှစ်က ဒုတိယရသည့် မန်ယူ ချန်ပီယံဖြစ်သင့်ဟု မော်ရင်ဟို နောက်ပြောင်

Wednesday, 19 February 2020 11:45 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

မန်စီးတီးအသင်း ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့်  ယူအီးအက်ဖ်အေက  ဥရောပပြိုင်ပွဲ  နှစ်နှစ် ကစားခွင့် ပိတ်ပင်လိုက်ရာ ယခုရာသီကုန်တွင် အဆင့် (၅) ရသောအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရမည်ဖြစ်၍  စပါး နည်းပြ မော်ရင်ဟိုက ၂၀၁၈ ခုနှစ်က မိမိနည်းပြခဲ့သော မန်ယူအသင်းသည်  ချန်ပီယံ မန်စီးတီးနောက် ဒုတိယ နေရာမှ ရာသီသိမ်း နိုင်ခဲ့သဖြင့် ထိုနှစ်က မိမိတို့ကို ပရီးမီးယားလိဂ်ချန်ပီယံဆု ဖလားပေးသင့်ကြောင်း နောက်ပြောင် ပြောခဲ့သည်။

၂၀၁၈ ခုနှစ်က မော်ရင်ဟို၏ မန်ယူအသင်းသည် မန်စီးတီးထက် ၁၉ မှတ် လျော့နည်းခဲ့သော် လည်း ဒုတိယနေရာမှ ရာသီ သိမ်းနိုင်ခဲ့ရာ လာမည့် ရာသီတွင် အဆင့်(၅)နေရာမှအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရလျှင် ထိုစဉ်က ဒုတိယရသော မန်ယူသည် လည်း အဆင့်ပြောင်းလဲသတ်မှတ်မှုအရ ချန်ပီယံမဖြစ်သင့်ပေဘူးလားဟု မေးခွန်းထုတ်နောက်ပြောင် ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ““ယူအီးအက်ဖ်အေရဲ့ စိစစ်သုံးသပ် မှုအရဆိုရင် အဆင့် (၅) နေရာကအသင်း ချန်ပီယံ လိဂ်ဝင်ခွင့် ရမယ် ဆိုရင် ၂၀၁၈ ခုနှစ်က ဒုတိယ ရခဲ့တဲ့မန်ယူကိုရော ချန်ပီယံအဖြစ် ပြောင်းလဲပေးနိုင်မလားလို့  မေးချင်တယ်။  လက်ရှိမှာတော့  ကျွန်တော်က  စပါးအသင်းကို ရနိုင်သမျှ အမှတ်များများရပြီး မြင့်နိုင်သမျှ အဆင့်မြင့်ဖို့ပဲ ကြိုးစား မယ်””ဟု ပြောသည်။

Ref:Cadena Ser

Read 54 times Last modified on Wednesday, 19 February 2020 11:46