SJ WorldNews - шаблон joomla Авто

အတ္တလန္တာ နဲ့ စပါး နှစ်သင်းစလုံး အိမ်ကွင်း ပထမကျော့တွင် ရလဒ်ကောင်းနိုင်

Wednesday, 19 February 2020 11:46 font size decrease font size decrease font size increase font size increase font size

ချန်ပီယံလိ၈် (၁၆) သင်းအဆင့်

ပထမအကျော့ ပွဲစဉ်နှစ်ပွဲသုံးသပ်ချက်

အတလန     Vs      ဗလင်စီယာ

နောက်ဆုံးအကြိမ်တွေ့ဆုံမှု    

၁၂-၈-၂၀၁၇  ဗလင်စီယာ ၁-၂ အတလန

အတလန     (နောက်ဆုံးသုံးပွဲရလဒ်)

အတလန      ၂-၁   ရိုးမား 

ဖီအိုရင်တီးနား ၁-၂ အတလန

အတလန   ၆-၃ ရာဒိုမစ်ခ်  

ဗလင်စီယာ (နောက်ဆုံးသုံးပွဲရလဒ်)

ဂီတာဖေး  ၃-၀   ဗလင်စီယာ

ဂရန်နာဒါ ၂-၁   ဗလင်စီယာ

ဗလင်စီယာ ၂-၂  အက်သလက်

ချန်ပီယံလိဂ် (၁၆) သင်းအဆင့်  ရှုံးထွက်ပထမ အကျော့ပွဲစဉ် ဒုတိယနေ့နှစ်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်  (ကြာသပ တေးနေ့) နံနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစား မှာဖြစ်ပါတယ်။ နည်းပြဂက်စ်ပါရီနီရဲ့ အတလန အသင်းက ဒီရာသီ ပရိသတ်ကို ဘောလုံးရသ ဖျော်ဖြေမှု ပေးနိုင်ဆုံးအသင်းအဖြစ် သတ်မှတ်ရမှာဖြစ်ပြီး စီးရီးအေမှာ ဂျူဗင်တပ်စ်၊ အင်တာ မီလန်၊ လာဇီယိုလို အသင်းတွေထက်တောင် ဂိုးသွင်းနှုန်း အများကြီးသာလို့ ၆၃ ဂိုးသွင်းထားနိုင်တဲ့အတွက်  ဘယ်လောက်  တိုက်စစ်ဦးစားပေး ကစားတဲ့ အသင်းလဲဆိုတာ ပရိသတ် တွေသိနိုင်ပါတယ်။

ဒီပွဲကို အတလနာ အသင်းက အိမ်ကွင်းအဖြစ် အင်တာမီလန်နဲ့ အေစီမီလန်တို့ရဲ့ ဆန်စီရိုကွင်းမှာ ကစားရမှာကတော့  စဉ်းစား စရာဖြစ်ပါတယ်။ ဒီတစ်ရာသီလုံး ချန်ပီယံလိဂ်ပွဲတွေကို အတလနာ အသင်းက ဆန်စီရိုကွင်းမှာ ကစားခဲ့ရ တဲ့အတွက် အိမ်ကွင်း အားသာချက် ပိုင်းကတော့ သိပ်မရှိလှပါဘူး။ ဒါပေမဲ့ အတလနာ အသင်းက ကွင်းမရွေးဘဲ ဂိုးတွေ လှိုင်လှိုင်သွင်းနိုင်တဲ့ အသင်းဖြစ်ပြီး ဗလင်စီယာက ဒီရာသီ လာလီဂါအဝေးကွင်းပွဲတွေမှာ တစ်ပွဲ နှစ်ဂိုးနှုန်း အထိပေးထားရတဲ့ အသင်းဖြစ်တာကြောင့် အတလနာ ရဲ့ ပွဲချိန်ပြည့် ဖိအားပေးကစားခြင်းကို တောင့်ခံနိုင်ဖို့ ခက်ခဲမှာပါ။

ဒီပွဲမှာ ခြေစွမ်းပိုင်း အသာစီး ရနိုင်မယ့် အိမ်ရှင် အတလနာ အသင်း ရလဒ်ကောင်းနိုင်ပါတယ်။

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

စပါး    Vs   လိုက်ပဇစ်

နောက်ဆုံးအကြိမ်တွေ့ဆုံမှု (မရှိ)

စပါး    (နောက်ဆုံးသုံးပွဲရလဒ်)

စပါး    ၃-၂ ဆောက်သမ်တန်  

စပါး    ၂ - ၀      မန်စီးတီး  

ဗီလာ    ၂ - ၃  စပါး 

လိုက်ပဇစ် (နောက်ဆုံးသုံးပွဲရလဒ်)

လိုက်ပဇစ် ၃ - ၀ ၀ါဒါဘရီမင်

ဘိုင်ယန်  ၀ - ၀  လိုက်ပဇစ်

ဖရန့်ဖတ်  ၃-၁  လိုက်ပဇစ်

ဂျာမန်ဘွန်ဒက်စ်လီဂါမှာ   ဇယားထိပ်ဆုံးမှာ ဦးဆောင်နေနိုင်တဲ့  လိုက်ပဇစ်ကို  ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက် စပါးအသင်း အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ့်ပွဲဖြစ်ပါတယ်။ ဒီရာသီ စပါး အသင်းရဲ့ အိမ်ကွင်းမှာကစားတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ နှစ်ဖက်အသင်းတွေ သွင်းခဲ့တဲ့ဂိုးအရေအတွက်က ကျန်တဲ့ပွဲကဂိုးတွေထက် ပိုများပြီး ပွဲတိုင်းက နှစ်သင်း သွင်းဂိုး သုံးဂိုးနဲ့ အထက်ပွဲတွေဖြစ်ပါတယ်။

လိုက်ပဇစ်ရဲ့ နောက်ဆုံးချန်ပီယံလိဂ် ၁၀ ပွဲမှာလည်း ရှစ်ပွဲက နှစ်သင်းပေါင်း သွင်းဂိုးအနည်းဆုံးသုံး ဂိုးစီရှိ ခဲ့တာကြောင့် ဒီပွဲမှာလည်း နှစ်ဖက်သွင်းဂိုး တွေကို သုံးဂိုးနဲ့အထက်မြင်တွေ့ရနိုင်ပါတယ်။ စပါးအသင်းက နောက်ဆုံး ကစားတဲ့ ဗီလာနဲ့ပွဲမှာလည်း ထုံးစံအတိုင်း ဂိုးတွေသွင်းနိုင်သလို ပေးဂိုးတွေလည်း များခဲ့ပါတယ်။  ဆောက်သမ်တန်နဲ့ ပွဲမှာ  နှစ်ဂိုးပေး ခဲ့ရသလို ဗီလာကိုလည်း နှစ်ဂိုးပေးရပြီးမှ ဆွန်ယောင်မင်ရဲ့ ခြေစွမ်းပြမှုကြောင့်    ဗီလာကို ကပ်နိုင် ခဲ့တာပါ။

စပါးမှာ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းမပါသေးပေမယ့် ဆွန်ယောင်မင်က နောက်ဆုံးငါးပွဲမှာ ခြောက်ဂိုးသွင်း ပေးနိုင်ခဲ့ပြီး  သူက ချန်ပီယံလိဂ်ပွဲထွက်ကစားခွင့်ရတဲ့ နောက်ဆုံး ၁၀ ပွဲမှာလည်း ကိုးဂိုးသွင်းနိုင်လို့ ဒီပွဲလည်း စပါး အသင်းအတွက် အားကိုးရမယ့် ဂိုးသွင်းရှင်ဖြစ်လာမှာပါ။  လိုက်ပဇစ်တိုက်စစ်ကလည်း ဂိုးရနိုင်ဖို့များလို့ ဒီပွဲမှာ နှစ်သင်းပေါင်း ဂိုးအများနဲ့ စပါးအသင်းနိုင်ပွဲရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Read 45 times Last modified on Wednesday, 19 February 2020 11:57