SJ WorldNews - шаблон joomla Авто

အမ်မရီကန်ကို ပေါင် ၂၁ သန်းဖြင့် ဒေါ့မွန် စာချုပ်ချုပ်ဆို

Thursday, 20 February 2020 10:19 font size decrease font size decrease font size increase font size increase font size

ဒေါ့မွန်အသင်းသည် ဇန်နဝါရီဈေး ကွက်နောက်ဆုံးရက်တွင်  ဂျူဗင်တပ်စ်ထံမှ အငှားခေါ်ယူခဲ့သည့် ၂၆ နှစ်အရွယ် ဂျာမန်ကွင်းလယ်ကစားသမား အမ်မရီကန်ကို အငှားခေါ်ပြီးနောက် သုံးပွဲသာ ကစားအပြီး  ၁၈  ရက်အကြာမှာပင် ပြောင်းရွှေ့ကြေး ပေါင် ၂၁ သန်းဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုကာ အပြီးသတ် ခေါ်ယူလိုက်သည်။

အမ်မရီကန်သည် ဂျူဗင်တပ်စ်တွင် နည်းပြဆာရီလက်အောက်၌ နေရာမရသည့်အတွက် ဒေါ့မွန်သို့ အငှားဖြင့် လာကစားခြင်းဖြစ်ကာ ပွဲဦးထွက် လေဗာကူဆင်ကို ၄ ဂိုး-၃ ဂိုးဖြင့် ရှုံးသည့်ပွဲတွင် ကိုက် ၃ဝ အကွာမှ လှလှပပဂိုးသွင်း

နိုင်ခဲ့ပြီး ပီအက်စ်ဂျီကိုနိုင်သည့် ချန်ပီယံလိဂ်ပွဲတွင်လည်း ခြေစွမ်းပြနိုင်ခဲ့၍ ဆောလျင်စွာ အပြီးသတ် စာချုပ်ချုပ်ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

Ref:Dailymail

Read 28 times Last modified on Thursday, 20 February 2020 10:20