SJ WorldNews - шаблон joomla Авто

ဆွန်ယောင်မင် လက်မောင်းရိုးကျိုးသွား၍ မော်ရင်ဟို ခိုင်းနှိုင်းမှု စကားပြောဆို

Thursday, 20 February 2020 10:20 font size decrease font size decrease font size increase font size increase font size

ဥပမာပေး ခိုင်းနှိုင်းပြောဆိုမှုတွင် ထူးချွန်သည့် စပါးနည်းပြမော်ရင်ဟိုက အသင်းမှ အဓိကတိုက်စစ်မှူး ဆွန်ယောင်မင်သည် ဗီလာနှင့်ပွဲတွင် ရရှိသော ဒဏ်ရာကြောင့် လက်မောင်း ရိုးကျိုးသွားခဲ့ပြီး ရာသီကုန်အထိ နားရတော့မည်ဖြစ်ရာ ဟယ်ရီကိန်းလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူ နေရချိန်တွင် တိုက်စစ် မှူးတစ်ဦးမျှ မရှိသည့် ပြဿနာနှင့် ရင်ဆိုင်ရပြီဖြစ်၍ ပြောင်မြောက်သော ခိုင်းနှိုင်းမှုစကားပြောဆိုသည်။

လက်ရှိတွင် စပါးသည် အဆင့်(၄)နေရာမှ ချယ်လ်ဆီးထက် တစ်မှတ်သာလျော့နည်းပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် နှစ်သင်း အဆင့် (၄) နေရာအတွက် အရေးပါသည့် ပရီးမီးယား လိဂ်ပွဲလည်း ကစားရမည်ဖြစ်ကာ လိုက်ပဇစ် နှင့် ချန်ပီယံလိဂ်ပွဲတွင်လည်း ဆွန်ယောင်မင်ကို အသုံးမပြုနိုင်ရာ မော်ရင်ဟိုက ''ကျွန်တော် ဥပမာခိုင်းနှိုင်းပြောဆိုရတာ ကြိုက်မှန်းသိပါတယ်။ ဒီအသင်းကို  စရောက်တော့ ၁၂ လွှာ (အဆင့် (၁၂)ကိုဆိုလို) မှာပါ။ လှေကားတွေရှာပြီး  စတင်တက်လှမ်းကြတယ်။  ဒါပေမဲ့ စတက်ခါစမှာပဲ လှေကားတွေကျိုးကုန်တယ်။ ထပ်တက်နိုင်အောင် နည်းလမ်းရှာ ကြိုးစားရတယ်။ လေးလွှာလည်းရောက်ရော တစ်စုံတစ်ယောက်က လှေကားကို အဝေးသယ်သွားတယ်။  အခုလေးလွှာက  လသာဆောင်မှာ ကိုယ့်လက်နဲ့ကိုယ်ခိုတွဲလို့  နေနေရပြီ''  ဟု ပြောသည်။                 

Ref:Dailymail

Read 26 times Last modified on Thursday, 20 February 2020 10:21