SJ WorldNews - шаблон joomla Авто

လူကျွံဘောစည်းမျဉ်း ပြင်ဆင်ရန် အာစင်ဝင်းဂါး ဦးဆောင်တင်ပြမည်

Thursday, 20 February 2020 10:21 font size decrease font size decrease font size increase font size increase font size

လက်ရှိတွင် လူကျွံဘောစည်းမျဉ်းကို VAR  စနစ်ဆုံးဖြတ် ချက်ဖြင့် ဆုံးဖြတ်မှုများသည် အငြင်းပွားဖွယ်ရာ များစွာ ဖြစ်ပေါ်နေရာ ဖီဖာ၏ ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲတစ်ဦး ဖြစ်လာသည့် အာဆင်နယ်နည်းပြဟောင်း  အာစင်ဝင်းဂါး ဦးဆောင်ကာ  ထိုစည်းမျဉ်းကို ပြောင်းလဲရန် တင်ပြမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ လူကျွံဘောစည်းမျဉ်း ဥပဒေတွင်  မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းမှ တစ်ဖက်အသင်း နောက်ဆုံးခံစစ်မှူးထက် မီလီမီတာပင် မကျော်ရဟု  ပြဋ္ဌာန်းထားရာ  အငြင်းပွားဖွယ်ရာများစွာ ရှိလာသည်။

ထို့ကြောင့် ဝင်းဂါးဦးဆောင်ကာ ဖေဖော်ဝါရီ ၂၉ ရက်တွင်  မြောက်အိုင်ယာလန်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဘောလုံးအစည်းအရုံး ဘုတ်အဖွဲ့ နှစ်ပတ်လည်ညီလာခံတွင် စည်းမျဉ်းပြောင်းရန် တင်ပြမည်ဟု သိရသည်။  ထိုစည်းမျဉ်းသစ်တွင် လူကျွံအနေအထားမှာ ဂိုးသွင်းနိုင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်း ကျွံမှသာ လူကျွံဘော သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

Ref:BBC

Read 27 times Last modified on Thursday, 20 February 2020 12:42