SJ WorldNews - шаблон joomla Авто

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး ၁ဝ ဂိုး အမြန်ဆုံးသွင်းနိုင်သူ ဟာလန်းဖြစ်လာ ပီအက်စ်ဂျီအသင်းဘက် နှစ်ဂိုးသွင်းပြီး ယခုရာသီ ၃၇ ဂိုးသွင်းနိုင်

Thursday, 20 February 2020 10:22 font size decrease font size decrease font size increase font size increase font size

သြစတြီးယားကလပ်  ဆဲလ်ဘတ်မှ  ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့လာသည့် နော်ဝေလူငယ် တိုက်စစ်မှူး  အာလင်းဘရောက် ဟာလန်းသည် ဖေဖော်ဝါရီ ၁၈ ရက်ညက ပီအက်စ်ဂျီနှင့် ကစားသော ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ အိမ်ကွင်းပွဲစဉ်၌ အနိုင်ဂိုးနှစ်ဂိုးစလုံး သွင်းယူနိုင်သည့်အတွက် ချန်ပီယံလိဂ်သမိုင်းတွင် ချန်ပီယံလိဂ်သွင်းဂိုး ၁ဝ ဂိုးကို အမြန်ဆုံး သွင်းယူနိုင်သူ အဖြစ် စံချိန်တင်ခဲ့သည်။

ပီအက်စ်ဂျီကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရသော ပွဲ၌ ပွဲချိန် ၆၉ မိနစ်တွင်  ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး နေမာက ပီအက်စ်ဂျီအတွက် ချေပဂိုးပြန်သွင်းသော်လည်း သိပ်မကြာမီမှာပင် ဟာလန်းက အဝေးကန်ချက်ဖြင့်  ဂိုးအပေါ်ထောင့်သို့ ကန်သွင်းပြီး အနိုင်ဂိုးသွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သွင်းဂိုးနှစ်ဂိုးကြောင့် ဟာလန်းသည် ယခုရာသီ ဆဲလ်ဘတ်နှင့် ဒေါ့မွန်အတွက် ချန်ပီယံ လိဂ်သွင်းဂိုး ၁ဝ ဂိုးမြောက် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ကာ ချန်ပီယံလိဂ်ခုနစ်ပွဲတွင် ၁ဝ ဂိုးသွင်းနိုင်ခဲ့သဖြင့် တခြားအမြန်ဆုံးချန်ပီယံလိဂ် ၁ဝ ဂိုးသွင်း သူထက် လေးပွဲလျော့ကစားပြီး ၁ဝ ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ အသက် ၁၉ နှစ်သာ ရှိသေးသော ဟာလန်းသည် အမ်ဘပ်ပီပြီးလျှင် တစ်ရာသီအတွင်း ချန်ပီယံလိဂ်သွင်းဂိုး ၁ဝ ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ဆယ်ကျော်သက် ကစားသမားဖြစ်လာသည်။

Ref:Dailymail

Read 44 times Last modified on Thursday, 20 February 2020 12:42