SJ WorldNews - шаблон joomla Авто

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်း ဂျပန်နိုင်ငံသို့ ကြိုတင် သွားရောက်လေ့ကျင့်ရန်စီစဉ်

Tuesday, 25 February 2020 11:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံး အသင်းသည် ၂၀၂၂ ကမာ့ ဖလားခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနှင့်ပွဲမတိုင်မီ ဂျပန်နိုင်ငံ သို့ ကြိုတင်သွားရောက်လေ့ကျင့်ရန်စီစဉ် ထားကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဂျပန် အသင်းနှင့်ပွဲမတိုင်မီ ဂျပန်နိုင်ငံသို့ တစ်ပတ် ခန့်ကြိုတင်သွားရောက်မည်ဖြစ်ပြီး မတ် ၁၂ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

““ဂျပန်အသင်းနဲ့ပွဲမတိုင်မီ ဂျပန်နိုင်ငံမှာ တစ်ပတ်လောက်ကြိုတင်လေ့ကျင့်ဖို့ရှိပါ တယ်။ ဘယ်နေ့သွားဖြစ်မလဲဆိုတာ အတိ အကျမသိရသေးပါဘူး။ ခြေစမ်းပွဲမကစား ဖြစ်တဲ့အတွက် ဂျပန်နိုင်ငံကိုကြိုသွားပြီး  လေ့ကျင့်တာပါ””ဟု မြန်မာ့လက်ရွေးစင် အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းအောင် ကပြောသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လ နောက်ဆုံးပတ်တွင် ကမာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊  မတ် ၃၁ရက်တွင် ကာဂျစတန် အသင်းနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဂျပန်အသင်းနှင့် တွေ့ဆုံခဲ့သည့် ပထမအကျော့ ပွဲတွင် အိမ်ကွင်း၌ ၂ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့် ထားပြီး ဂျပန် အသင်းအနေဖြင့် အုပ်စု (စ) တွင် လေးပွဲစလုံး အနိုင်ရရှိထားသည်။

မြန်မာ့လက်ရွေးစင် အသင်းသည် ဒုတိယ အဆင့်ခြေစစ်ပွဲအဖြစ် အုပ်စုပွဲစဉ်သုံးပွဲ ကစားရန် ကျန်ရှိနေပြီး အိမ်ကွင်း တစ်ပွဲနှင့်  အဝေးကွင်းနှစ်ပွဲဖြစ်ကြောင်း သိရသည်။

TZW

Read 71 times Last modified on Tuesday, 25 February 2020 11:55