SJ WorldNews - шаблон joomla Авто

AFC Cup ပြိုင်ပွဲတွင် ရန်ကုန်အသင်း အိမ်ကွင်း၌ နိုင်ပွဲရရှိ

Wednesday, 26 February 2020 09:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၅

၂၀၂၀ AFC Cup ပြိုင်ပွဲ အုပ်စုဒုတိယ နေ့အဖြစ်  ရန်ကုန်အသင်းနှင့် လာအိုတိုယိုတာ(လာအို)အသင်းတို့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏကွင်း၌ ယှဉ်ပြိုင် ကစားရာ ရန်ကုန်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရန်ကုန်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် သရေကျထားသောကြောင့် ယခုပွဲတွင် အနိုင် ရရန်အားထည့်ကစားခဲ့ပြီး   အနိုင်သုံးမှတ် စတင်ရယူနိုင်ခဲ့သည်။  သို့သော်  ဂိုးပြတ် နိုင်ပွဲရယူနိုင်ခြင်းမရှိဘဲ တစ်ဂိုးအသာဖြင့်သာ  အနိုင်ရခဲ့ သောကြောင့် နောက်တစ်ဆင့်တက်ရေးအတွက်  လာမည့်ပွဲများတွင်  ရလဒ်ကောင်းရန်   ပိုမိုကြိုးပမ်းရမည်ဖြစ် သည်။ လာအိုတိုယိုတာ အသင်းမှာ နှစ်ပွဲဆက်အရေး နိမ့်ပြီး အခွင့်အရေးနည်းသွားခဲ့သည်။

ရန်ကုန်အသင်းအတွက် ၁၈  မိနစ်တွင် အောင်ကျော်နိုင်က အဖွင့်ဂိုးသွင်းယူခဲ့ပြီး မိနစ်၃၀ တွင် မောင်မောင်လွင်က ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့သည်။ ဒုတိယပိုင်း ၅၈ မိနစ်တွင် လာအို တိုယိုတာအသင်း ချေပဂိုးပြန်ရခဲ့ပြီး ထောင့်ကန် ဘောမှ တစ်ဆင့် ကာဝါကာမီက သွင်းယူခဲ့သည်။

ရန်ကုန် အသင်းအတွက်  ၈၄ မိနစ်တွင် အောင်ကျော်နိုင်က တတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ ပွဲပြီးခါနီးတွင် ရန်ကုန် အသင်း ပယ်နယ်တီ ပေးခဲ့ရပြီး ကော်စတာက အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့်   လာအိုတိုယိုတာ အသင်း ဒုတိယ ချေပဂိုး ရခဲ့သည်။   

 

 

Read 57 times Last modified on Wednesday, 26 February 2020 09:06