SJ WorldNews - шаблон joomla Авто

တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းဗိုလ်စွဲ

Wednesday, 04 March 2020 11:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းပြည်နယ်အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံး နောက်တန်းကစားသမားဆု၊ အကောင်းဆုံးအလယ်တန်းကစားသမားဆု၊ အကောင်းဆုံးရှေ့တန်းကစားသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ တတိယဆုရရှိသော မွန်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် ပထမဆုရရှိသည့် ရှမ်းပြည်နယ် အသင်းတို့အား ဆုဖလားနှင့် ငွေသားဆုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြကြောင်း သိရသည်။

ကျော်လွင်

Read 71 times Last modified on Wednesday, 04 March 2020 11:48