Print this page

၂ဝ၂ဝ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်

Wednesday, 04 March 2020 11:58 font size decrease font size decrease font size increase font size increase font size

၂ဝ၂ဝ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ  အားကစားနည်းကိုးမျိုး  ဝင်ရောက်ယှဉ်ပြိုင်ရန်  စီစဉ်နေကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂ဝ၂ဝ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို  ဒီဇင်ဘာ  ၁၃  ရက်မှ  ၂၂ ရက်အထိ ထိုင်းနိုင်ငံ အူဘွန်ရက်ချာထနီမြို့၌ ကျင်းပမည်ဖြစ်ပြီး အားကစားနည်း ၂၅ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်သည်။

အဆိုပါ အားကစားနည်း ၂၅ မျိုးအနက် မြန်မာနိုင်ငံမှ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ဂေါက်၊ ပီတန်း၊ အပြည်ပြည်ဆိုင်ရာလှေ၊ ကရာတေးနှင့် E-Sports အားကစားနည်းကိုးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲမှာ  အားကစားနည်းကိုးမျိုး  ဝင်ရောက်ယှဉ်ပြိုင်ဖို့  စီစဉ်ထားတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေရဲ့ ပြင်ဆင်မှုနဲ့ပတ်သက်ပြီး   အပြောင်းအလဲ ဖြစ်နိုင်တယ်။ ဘောလုံး၊  ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်နဲ့   ဘော်လီဘော  အားကစားနည်းလေးမျိုးကို မဖြစ်မနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကျန်ငါးမျိုးက လျော့နိုင်ပါတယ်။

ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်''  ဟု ၄င်းကပြောသည်။

၂ဝ၁၈ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံက အိမ်ရှင်ဖြစ်သည့်အတွက် အားကစားနည်း ၁၇ မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂ဝ၁၈ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ်ဆု ၂၄ ခု၊ ငွေတံဆိပ်ဆု၂၆ ခု၊ ကြေးတံဆိပ်ဆု၂၉ ခုဖြင့် နိုင်ငံအလိုက် အဆင့် (၄) နေရာ၌   ရပ်တည်နိုင်ခဲ့ကြောင်း    သိရသည်။         

TZW

Read 127 times Last modified on Wednesday, 04 March 2020 12:00