SJ WorldNews - шаблон joomla Авто

ရန်ကုန်နှင့် ရှမ်းယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်နေသည့် AFC Cup ပွဲစဉ်များ ရွှေ့ဆိုင်းဖွယ်ရှိ

Thursday, 05 March 2020 09:21 font size decrease font size decrease font size increase font size increase font size

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်း နှစ်သင်းယှဉ်ပြိုင်နေသည့်  2020 AFC Cup အာဆီယံဇုန် အုပ်စုပွဲစဉ်များ ရွှေ့ဆိုင်းဖွယ်ရှိကြောင်း  အာရှဘောလုံးအဖွဲ့ချုပ် (AFC)  ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကြောင့် မတ် ၂ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ AFC ရုံးချုပ်၌  အရေးပေါ်အစည်း အဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ မတ်လနှင့် ဧပြီလအတွင်းကျင်းပမည့် 2020 AFC ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များကို မေလနှင့် ဇွန်လသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

''လက်ရှိမှာ AFC  အနေနဲ့  စိုးရိမ်မှု မြင့်တက်နေတဲ့ ကျန်းမာရေး အခြေအနေကြောင့် ဘယ်သူ့ကိုမှ အန္တရာယ်မဖြစ်စေဖို့ အတွက်  ပွဲစဉ်တွေကိုရွှေ့ဆိုင်းဖို့  ဆုံးဖြတ် ခဲ့တာပါ။ AFC ဥက္ကဋ္ဌကလည်း ပွဲစဉ်တွေ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို တွေဝေမနေဖို့ မှာထားပါတယ်''  ဟု  AFC  အထွေထွေ အတွင်းရေးမှူး  ဒါတိုဝင်ဆာဂျွန်ကပြောသည်။

ထို့ပြင်  ယခုရက်ပိုင်းအတွင်း  အစည်း အဝေးထပ်မံပြုလုပ်မည်ဖြစ်ပြီး    AFC Cup အာဆီယံဇုန်နှင့် အနောက်အာရှဇုန် ပွဲစဉ်တချို့ကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း၊ ပွဲစဉ်များ အပြောင်းအလဲရှိ၊ မရှိ  ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

2020 AFC Cup အာဆီယံဇုန် အုပ်စု ပွဲစဉ် (၃) ကို မတ် ၉ ရက်၊ ၁ဝ ရက်နှင့် ၁၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု (ဇ) ၌ ပါဝင်သည့် ရှမ်းယူနိုက်တက် အသင်းက   စင်ကာပူနိုင်ငံ၌  စင်ကာပူကလပ် တန်ပိုင်းရိုဗာအသင်း၊  အုပ်စု  (စ)  တွင်  ပါဝင်သည့် ရန်ကုန်ယူနိုက်တက် အသင်းက ရန်ကုန်မြို့    သုဝဏ္ဏအားကစားကွင်း၌ စင်ကာပူကလပ် ဟိုဂန်ယူနိုက်တက်အသင်းနှင့်   ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း  သိရသည်။                       

TZW

Read 95 times Last modified on Thursday, 05 March 2020 09:22