SJ WorldNews - шаблон joomla Авто

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း မေလဆန်းတွင် ပြန်လည်လေ့ကျင့်ရန် စီစဉ်

Sunday, 08 March 2020 15:33 font size decrease font size decrease font size increase font size increase font size

မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီး ဘောလုံးအသင်းသည် အာဆီယံ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မေလဆန်းတွင် လေ့ကျင့်ပြင်ဆင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၂ဝ အာဆီယံ ယူ-၁၈ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို စက်တင်ဘာလ အတွင်း အင်ဒိုနီးရှားနိုင်ငံ ပလန်ဘမ်းမြို့၌ ကျင်းပမည်ဖြစ်သည်။

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် သက်တမ်းအလိုက် အမျိုး သမီး ပြိုင်ပွဲဖြစ်သည့် ယူ-၁၉ ပြိုင်ပွဲကို ယူ-၁၈၊ ယူ-၁၆ ပြိုင်ပွဲကို ယူ-၁၅ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပမည်ဖြစ်သည်။

ယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိတွင် တက္ကသိုလ်ဝင်စာမေးပွဲများ  ဖြေဆိုရန်ရှိသဖြင့် လေ့ကျင့်မှုများ ရပ်နားထားကာ မေလဆန်းမှ  ပြန်လည် လေ့ကျင့်ရန်စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

''ဇန်နဝါရီလဆန်းက ယူ-၁၉ အမျိုး သမီးအသင်းကို စတင်လေ့ကျင့်ဖြစ်ပေ မယ့် အခုက ကလေးတွေ စာမေးပွဲရှိလို့ ခဏနားထားတာပါ။ သင်္ကြန်ကာလ နဲ့လည်း တိုက်နေတဲ့အတွက် လေ့ကျင့်မှုကို မေလဆန်းမှာ ပြန်စပါမယ်။ ပြိုင်ပွဲက စက်တင်ဘာလမှာဖြစ်လို့ လေ့ကျင့်ဖို့ အချိန်ကောင်းကောင်း ရပါ တယ်။ ကစားသမားက ပဏာမစာရင်းပဲ ရှိသေးတဲ့အတွက် အပြောင်းအလဲ ရှိနိုင်ပါတယ်''ဟု ၎င်းကပြောသည်။

ယူ-၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက တာ ဝန်ယူမည်ဖြစ်ပြီး ပဏာမကစားသမား ၃ဝ ကျော်ဖြင့် ဖွဲ့စည်းထားသည်။ အာဆီယံ ယူ-၁၈ အမျိုးသမီးဘောလုံးပြိုင်ပွဲကို ၂ဝ၁၄ ခုနှစ်က တစ်ကြိမ်သာ ကျင်းပဖူးပြီး ခြောက်နှစ်ကြာမှ ပြန်လည်ကျင်းပခြင်း ဖြစ်ကြောင်း သိရ သည်။          

TZW

Read 240 times Last modified on Sunday, 08 March 2020 15:34