SJ WorldNews - шаблон joomla Авто

ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကျင်းပ

Friday, 13 March 2020 08:48 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(တောင်ပိုင်း)  ဖယ်ခုံမြို့နယ်၌ ဧပြီ ၁ဝ ရက်တွင် ကျရောက်သည့်    အကြိမ်(၂ဝ)ပြည့် ကယန်းအမျိုးသားနေ့ အထိမ်းအမှတ်  ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ  ဖွင့်ပွဲအခမ်းအနားကို မတ် ၁၁ ရက်မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ   ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်အေးမောင်က အမှာစကား ပြောကြားပြီး ကွင်းအတွင်းဘောလုံး ကန်သွင်း၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

ယနေ့အဖွင့်ပွဲစဉ်တွင်  ကွက်သစ်အသင်းနှင့် ဟိန်ဓမ္မအသင်းတို့    ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကွက်သစ်အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယပွဲစဉ်တွင် Old Star အသင်းနှင့် အင်းရှေ့လူငယ်အသင်းတို့   ယှဉ်ပြိုင်ကစားကြရာ  အင်းရှေ့လူငယ်အသင်းက ငါးဂိုးပြတ်ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။

အဆိုပါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၂ဝ သင်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပထမဆုငွေကျပ် ၁၅ သိန်းနှင့်ဆုဖလား၊ ဒုတိယဆုငွေကျပ် ၁ဝ သိန်း၊ တတိယနှင့်စတုတ္ထဆုအတွက် ငွေကျပ် လေးသိန်းစီနှင့်   တစ်ဦးချင်းနေရာအလိုက် အကောင်းဆုံးဆုများ ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။                     

ကိုထွေး(ဖယ်ခုံ)

Read 37 times Last modified on Friday, 13 March 2020 08:49