SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲ တစ်နှစ်နောက်ဆုတ်ကျင်းပရန် ဆုံးဖြတ်ထား

Wednesday, 25 March 2020 10:11 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ အားကစား

လာမည့် ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသော ၂ဝ၂ဝ တိုကျိုနွေရာသီ အိုလံပစ်ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ် ကျင်းပရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် ကနေဒါ၊ သြစတြေးလျတို့သည် အကယ်၍ ယခုနွေရာသီတွင် အိုလံပစ် ပြိုင်ပွဲကျင်းပပါက ကစားသမားများ စေလွှတ်ခြင်းမပြုဘဲ သပိတ်မှောက်မည်ဟု ထုတ်ပြန်ထား ကာ ယခုနောက်ဆုံး ဗြိတိန်အိုလံပစ် အသင်းသည်လည်း သပိတ်မှောက်ရန် ပါဝင်လာခဲ့သည်။ နိုင်ငံတကာ အိုလံပစ်ကော်မတီအဖွဲ့ဝင်ဖြစ်သော  ဒစ်ပေါင်က ''ကျွန်တော်တို့ နိုင်ငံတကာ အိုလံပစ်ကော်မတီရထားတဲ့ သတင်းအချက်အလက်တွေအရ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂ဝ၂၁ နွေရာသီအထိ တစ်နှစ်နောက်ဆုတ်ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်။ ကြေညာချက် မထုတ် ပြန်သေးခြင်းသာဖြစ်ပေမယ့် သေချာတာကတော့ လာမယ့်ဇူလိုင် ၂၄ ရက်မှာ တိုကျို အိုလံပစ်ပြိုင်ပွဲ စတင်စရာမရှိပါဘူး။ ကျွန်တော်တို့ ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းမှာပါ။ အသေးစိတ် ကြေညာချက်အတွက်သာ ဆက်လက်လုပ် ဆောင်နေပါတယ်''ဟု ပြောသည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီသည် ထိုကြေညာချက်ထုတ်ပြန်ရန် လေးပတ်အချိန်ပေးထား ကာ အားလုံးစုံညီ သဘောတူညီချက်ဖြင့် ကြေညာမည်ဟု သိရသည်။

ကနေဒါအိုလံပစ်ကော်မတီသည် မိမိတို့ ကစားသမားများကို ၂ဝ၂ဝ နွေရာသီအိုလံပစ် ပြိုင်ပွဲအတွက် ရည်ရွယ်လေ့ကျင့်ခြင်းထက် ၂ဝ၂၁ နွေရာသီ ကာလပြိုင်ပွဲအတွက်သာ ရည်ရွယ် လေ့ကျင့်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။                       

Ref:BBC

Read 23 times Last modified on Wednesday, 25 March 2020 10:12