SJ WorldNews - шаблон joomla Авто

သက်ကြီးရွယ်အိုများအတွက် မော်ရင်ဟို ပါဝင်လှူဒါန်း

Wednesday, 25 March 2020 10:12 font size decrease font size decrease font size increase font size increase font size

လန်ဒန် မတ် ၂၄

စပါးနည်းပြမော်ရင်ဟိုသည် စပါးအသင်း အိမ်ကွင်းအနီးရှိ အန်ဖီးလ်အရပ်မှ ကိုရိုနာဗိုင်းရပ် ကြောင့် နေအိမ်များအတွင်း နောက်ထပ် ၁၂ ရက် စောင့်ကြည့်နေထိုင်နေရသည့် သက်ကြီး ရွယ်အိုများအတွက် လိုအပ်သော အစားအသောက်နှင့်ပစ္စည်းများ အိမ်တိုင်ရာရောက် လိုက်ပို့ ပေးနေသောလှူဒါန်းမှုတွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

မော်ရင်ဟိုနှင့် စပါးအသင်းသားတချို့သည် ဘောလုံးပွဲရပ်နားထားစဉ် ထိုလူမှုကူညီရေး လုပ်ငန်း၌ ပါဝင်လုပ်အားပေးခဲ့ခြင်းဖြစ်ပြီး စပါးခံစစ်မှူး အယ်လ်ဒါဝီရယ်သည်လည်း ဆေးရုံ ပေါ်၌ ဖျားနာနေသူများအတွက် မိသားစုနှင့် ဆက်သွယ်နိုင်ရန် အီလက်ထရွန်နစ် တက်ဘလက်များ လှူဒါန်းခဲ့သည်။      

 Ref:Dailymail

Read 23 times Last modified on Wednesday, 25 March 2020 10:13