SJ WorldNews - шаблон joomla Авто

၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲ တစ်နှစ်နောက်ဆုတ်ရပြီး ၁၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် အိုလံပစ်ပြိုင်ပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်

Thursday, 26 March 2020 10:25 font size decrease font size decrease font size increase font size increase font size

တိုကျို၊ အားကစား

နိုင်ငံတကာအိုလံပစ် ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘက်ခ်ျနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် ၂ဝ၂ဝ တိုကျို အိုလံပစ်ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်လိုက်ပြီဖြစ်ကြောင်း မတ် ၂၄ ရက်ကအတည်ပြုကြေညာခဲ့သည်။ ရှင်ဇိုအာဘေး၊ နိုင်ငံတကာ အိုလံပစ်ကော်မတီနှင့် ၂ဝ၂ဝ တိုကျိုအိုလံပစ်ပြိုင်ပွဲ ကျင်းပရေး ကော်မတီတို့က ပြိုင်ပွဲကို ပြည်သူများ အသက် အန္တရာယ်ကြောင့် တစ်နှစ်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ပြိုင်ပွဲကို ၂ဝ၂၁ ခုနှစ် နွေရာသီကာလထက် နောက်မကျဘဲ ပြန်လည်ကျင်းပမည်ဟု ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌသောမတ်စ်ဘက်ခ်ျက ''ဒီဆုံးဖြတ်ချက်က ပြည်သူတွေ အသက်အန္တရာယ်အတွက်ပါ''ဟု ပြောသည်။ ရှင်ဇိုအာဘေးကလည်း ''သောမတ်စ်ဘက်ခ်ျကို တိုကျိုအိုလံပစ်ပြိုင်ပွဲ တစ်နှစ်နောက်ဆုတ် ကျင်းပဖို့၊ ကစားသမားတွေ နောက်တစ်နှစ်မှာ အကောင်းဆုံးပုံစံနဲ့ပြင်ဆင်ပြီး ကစားနိုင်ဖို့၊ ပြိုင်ပွဲကို ပိုမိုလုံခြုံစိတ်ချရစေဖို့နဲ့ ပရိသတ်တိုင်း အတွက်လည်း စိတ်မပူရဘဲ အားပေးနိုင်စေဖို့ အကောင်းဆုံး လမ်းစဉ်တောင်းခံပြီး ဆုံးဖြတ် လိုက်တာပါ''ဟု ပြောသည်။

အိုလံပစ်ပြိုင်ပွဲသည် ဒုတိယ ကမ္ဘာစစ်ပွဲကြောင့် ၁၉၄၄ ခုနှစ်ပြိုင်ပွဲကို ဖျက်သိမ်းခဲ့ရခြင်းမှာ နောက်ဆုံး အကြိမ်ဖြစ်ပြီး ယခုနှစ်ပေါင်း ၁၂၄ နှစ်အတွင်း ပြိုင်ပွဲကို ပထမဆုံးအကြိမ် ရွှေ့ဆိုင်း လိုက်ရခြင်းဖြစ်သည်။

Ref:Dailymail

Read 15 times Last modified on Thursday, 26 March 2020 10:26