SJ WorldNews - шаблон joomla Авто

မန်စီးတီး ချန်ပီယံလိဂ်ကစားခွင့်မရရန် ထိပ်သီးရှစ်သင်းကန့်ကွက်မည်

Thursday, 26 March 2020 10:27 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ၊ ဘောလုံး

 

COVID-19 ရောဂါကြောင့် ယခုရာသီ ဘောလုံးလိဂ်ပွဲများ ရပ်နားထားရပြီး ပြန်လည်ကစား နိုင်ရန်ပင် အလွန်ခက်ခဲသော အခြေအနေရှိနေချိန် ပရီးမီးယားလိဂ်ထိပ်သီး ၁ဝ သင်းထဲမှ ရှစ်သင်းက မန်စီးတီးအသင်းကို နောက်ရာသီ ချန်ပီယံလိဂ်ပွဲ ကစားခွင့်မရစေရန် ပူးပေါင်းကြံ စည်နေကြကြောင်း သိရသည်။

 

မန်စီးတီးအသင်းကို ယူအီးအက်ဖ်အေက ဘဏ္ဍာရေးမျှခြေစည်းမျဉ်း ချိုးဖောက်ခြင်းကြောင့် နောက်နှစ်ရာသီ ဥရောပပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ထားသည်။ ထိုပိတ်ပင်မှုကို မန်စီးတီးအသင်း က အမြင့်ဆုံးခုံရုံးဖြစ်သော အားကစား အငြင်းပွားမှုဆိုင်ရာခုံရုံးသို့ အယူခံဝင်မည်ဖြစ်ရာ အယူခံဝင်ထားပြီး စီရင်ချက်မကျသေးလျှင် မန်စီးတီးအနေဖြင့် ချန်ပီယံလိဂ်ပွဲဝင်ကစားခွင့်ရ ဖွယ်ရှိသေးသည်။

 

ထိုအခြေအနေကို ပရီးမီးယားလိဂ်ထိပ်သီး ၁ဝ သင်းထဲမှ ရှစ်သင်းက လက်မခံနိုင်ဘဲ အားကစား အငြင်းပွားမှုခုံရုံးထံ မန်စီးတီးကို အယူခံဝင်ထားချိန် ချန်ပီယံလိဂ်ပွဲ ကစားခွင့် မပြုရန် စာရေးသားပေးပို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref:Mirror

Read 17 times Last modified on Thursday, 26 March 2020 10:29