SJ WorldNews - шаблон joomla Авто

ဂွါဒီယိုလာ မက်ဆီ စီရော်နယ်ဒိုနှင့်ဂျော့ခ်ျမန်ဒက်စ်တို့ COVID-19 ရောဂါအတွက် ရန်ပုံငွေ လှူဒါန်း

Thursday, 26 March 2020 10:29 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ မတ် ၂၅

COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် နာမည်ကျော် အားကစားသမားများ လှူဒါန်းမှု အမျိုးမျိုး လုပ်ဆောင်လျက်ရှိရာ မန်စီးတီးနည်းပြ ဂွါဒီယိုလာ၊ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ၊ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ၏အေးဂျင့်ဖြစ်သော ဂျော့ခ်ျမန်ဒက်စ်တို့သည် လည်း ငွေကြေးများစွာကို ရန်ပုံငွေအဖြစ် လှူဒါန်းခဲ့ကြသည်။

ဂွါဒီယိုလာနေထိုင်ရာ ဘာစီလိုနာမြို့ ဆန်ပီဒိုအရပ်မှ အိန်ဂျယ်ဆိုလာဒန်နီရယ် ဖောင် ဒေးရှင်းသည် COVID-19 ရောဂါ ကုသမှုများတွင် ဆေးပစ္စည်း အသုံးအဆောင်များ လိုအပ် နေရာ ရန်ပုံငွေ ကောက်ခံသော်လည်း ယူရို ၃၃ဝဝဝ သာ ရရှိသေးသဖြင့် ဂွါဒီယိုလာက မိမိပိုင် ငွေထဲမှ ယူရို တစ်သန်း ထည့်ဝင်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

စပိန်နိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်မားနေရာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လည်း ဘာစီလိုနာဆေးရုံသို့ ယူရိုတစ်သန်း လှူဒါန်းခဲ့သည်။ မက်ဆီက ကြေညာခြင်းမပြုသော် လည်း အဆိုပါဆေးရုံက သတင်းထုတ်ပြန်ကာ ကျေးဇူးတင်စကားဆိုခဲ့ရာမှ သိရခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် အေးဂျင့် ဂျော့ခ်ျမန်ဒက်စ်တို့ကလည်း ပေါ်တူဂီနိုင်ငံ လစ္စဘွန်းနှင့် ပေါ်တိုမြို့တို့၌ COVID-19 ရောဂါ အထူးကြပ်မတ် ကုသခန်းအသစ် သုံးခုတည် ဆောက်ရန် ယူရိုတစ်သန်း လှူဒါန်းခဲ့ကြသည်။ 

 Ref:Dailymail

Read 25 times Last modified on Thursday, 26 March 2020 10:30