SJ WorldNews - шаблон joomla Авто

ဒိုင်ဘာလာ ကျန်းမာရေး အခြေအနေ ကောင်းမွန်

Saturday, 28 March 2020 13:13 font size decrease font size decrease font size increase font size increase font size

မတ်  ၂၁  ရက်က   ချစ်သူနှင့်အတူ COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုခဲ့သည့် ဂျူဗင်တပ်စ်နှင့် အာဂျင်တီးနား တိုက်စစ်မှူး ဒိုင်ဘာလာက ကျန်းမာ ရေးအခြေအနေ ကောင်းမွန်ကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

လက်ရှိတွင်  ဒိုင်ဘာလာနှင့်  ချစ်သူဖြစ်သူတို့သည် နေအိမ်၌ ရောဂါစောင့်ကြည့် မှုဖြင့်နေထိုင်နေရပြီး ဒိုင်ဘာလာက မိမိ၏ အင်စတာဂရမ်တွင် ''ကျွန်တော်တို့ ကောင်းမွန်စွာ ရှိနေပါတယ်''  ဆိုသောစာသားနှင့်  လက်ကို အိုကေပုံလုပ်ပြနေပုံ တင်ကာ ပရိသတ်ကို အသိပေးခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ် အသင်းကလည်း  ''ဒိုင်ဘာလာ   ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ အနီးကပ် စောင့်ကြည့် နေပါတယ်'' ဟု ထုတ်ပြန်ခဲ့သည်။

Read 31 times Last modified on Saturday, 28 March 2020 13:14