SJ WorldNews - шаблон joomla Авто

အမည်မဖော်ဘဲ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် ဒီဂီယာ ပေါင် ၂၇ဝဝဝဝ လှူဒါန်း

Saturday, 28 March 2020 13:18 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းမှ စပိန်ဂိုးသမား ဒေးဗစ်ဒီဂီယာသည် စပိန်နိုင်ငံ၌ COVID-19 ရောဂါ ခံစားနေရသူများအတွက်  မက်ဒရစ်လူမှုရေး အဖွဲ့ထံ  ပေါင် ၂၇ဝဝဝဝ  လှူဒါန်းခဲ့ရာ၌  အမည်မဖော်ပြဘဲ  လှူဒါန်းခဲ့ကြောင်း  သိရသည်။

စပိန်တွင် COVID-19 ရောဂါကူးစက် ပျံ့နှံ့မှုသည်  မတ်  ၂၆ ရက်တွင်  ရောဂါ စတင်ရာ တရုတ်နိုင်ငံထက်ပင် ကျော်လွန်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် အီတလီပြီးနောက် ဒုတိယအများဆုံး ကူးစက်ခံရသည့် နိုင်ငံဖြစ်လာခဲ့သည်။ ဒီဂီယာက မက်ဒရစ်မြို့ လူမှုအဖွဲ့အစည်းအတွက် လိုအပ်သည်များ ဝယ်ယူနိုင်ရန် ငွေကြေးလှူဒါန်းခဲ့ရာတွင် တခြားသူများကဲ့သို့  အမည်ဖော်ပြခြင်းမရှိဘဲ သိုသိပ်စွာ လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း မက်ဒရစ်လူမှု အဖွဲ့အစည်းဥက္ကဋ္ဌ အစ္စဘယ်ဒီရက်ဇ်အယူဆို က ၎င်း၏တွစ်တာတွင် ကျေးဇူးတင်မှတ်တမ်း ရေးတင်ရာမှ လူအများ သိရှိသွားခဲ့ရခြင်းဖြစ် သည်။

အစ္စဘယ်က ''ကျေးဇူးတင်ပါတယ် ဒီဂီယာ။ မက်ဒရစ် လူမှုအဖွဲ့အစည်း အတွက် လှူဒါန်းလိုက်မှုက ရက်ရောလှပါတယ်။ COVID-19 ရောဂါတိုက်ဖျက်ရေး အတွက် လှူဒါန်းမှုဖြစ်လို့  ဂုဏ်ယူမိပါတယ်''  ဟု ရေးသားခဲ့ခြင်း ဖြစ်သည်။

Read 27 times Last modified on Saturday, 28 March 2020 13:20