SJ WorldNews - шаблон joomla Авто

အတ္တလန္တာနှင့် ဗလင်စီယာတို့ပွဲသည် ဇီဝဗုံးတစ်လုံး ကွဲသလိုဖြစ်နေ၊ ပရိသတ် ၄၄ဝဝဝ ခန့်မှ အီတလီနှင့်စပိန်သို့ COVID-19 ရောဂါပျံ့နှံ့

Saturday, 28 March 2020 13:25 font size decrease font size decrease font size increase font size increase font size

အီတလီနိုင်ငံသည်  COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ရခြင်းနှင့် စပိန်နိုင်ငံသို့ ထိုရောဂါ ကူးစက်ပျံ့နှံ့မှု၏ အဓိက တရားခံမှာ  အတ္တလန္တာနှင့် ဗလင်စီယာတို့ ကစားသည့် ချန်ပီယံလိဂ်ပွဲကြောင့်ဖြစ်ကြောင်း အီတလီတွင်  ဗိုင်းရပ်ကူးစက်မှုနှုန်း  အမြင့်ဆုံးဒေသဖြစ်သည့်  ဘာဂမိုခရိုင်မှ  မြို့တော်ဝန်က  ထုတ်ဖော်ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက်က အတ္တလန္တာအသင်း ဗလင်စီယာကို  ၄ ဂိုး - ၁ ဂိုးဖြင့်  အနိုင်ရသည့် ချန်ပီယံလိဂ် ပွဲစဉ်ကို အီတလီနှင့် စပိန်ပရိသတ် ပေါင်း ၄၄ဝဝဝ ခန့်အထိ မီလန်မြို့ရှိ ဆန်စီရိုကွင်းသို့ လာရောက်အားပေးခဲ့ကြသည်။ အတ္တလန္တာ အသင်း၏ အိမ်ကွင်းသည် ပြင်ဆင်မှုများ ပြုလုပ်နေရခြင်းကြောင့် အင်တာမီလန်နှင့် အေစီမီလန် အသင်းတို့၏ အိမ်ကွင်းဖြစ်သော ဆန်စီရိုကွင်း၌ ထိုပွဲကစားခဲ့ရာ  ထိုကာလကတည်းက  ဆန်စီရို ကွင်းအတွင်း  ရောဂါပိုး ရှိနေခဲ့သည်ကို သတိမပြုမိခဲ့သဖြင့် ထိုပရိသတ်များမှ တစ်ဆင့် အီတလီနှင့် စပိန်နိုင်ငံတစ်ဝန်း ရောဂါများ ကူးစက်ခဲ့ရခြင်းဖြစ်သည်ဟု ဘာဂမိုခရိုင်မြို့တော်ဝန် ဂျီရော်ဂျီယိုဂိုရီ က သုံးသပ် ပြောကြားသည်။

ဂိုရီက ''ဒီပွဲက ဇီဝဗုံးတစ်လုံး ပေါက်ကွဲသလို ဖြစ်သွားစေခဲ့တယ်။ ဗိုင်းရပ်က ကိုယ်တွေနားမှာ လှည့်ပတ်နေခဲ့ရင် ဆန်စီရိုကွင်းထဲက လေးသောင်းကျော်သော ပရိသတ်တွေကို  ကူးစက် သွားခဲ့မှာပဲ။ တစ်ဦးတစ်ယောက်ကမှ ကိုယ်တွေနားမှာ ဒီဗိုင်းရပ် လှည့်ပတ်နေတယ်ဆိုတာ မသိခဲ့ကြဘူး။ ဗိုင်းရပ်က တစ်ယောက်ဆီကနေ တစ်ယောက်ကို ကူးတာပဲ'' ဟုပြောသည်။

ထိုပွဲအပြီး အတ္တလန္တာ ပရိသတ်များသည် နိုင်ပွဲကြောင့် အောင်ပွဲခံပြီး မိမိတို့မြို့သို့ ပြန်သွားခဲ့ကာ ဗလင်စီယာ ပရိသတ်များသည်လည်း  စပိန်သို့ ပြန်သွားရာမှ   ယခု  အီတလီနှင့် စပိန်နိုင်ငံတို့၌ ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ များပြားလာပြီဖြစ်သည်။  ဘာဂမိုခရိုင်ရှိ  ဆေးရုံတစ်ခုမှ  ဆရာဝန် တစ်ဦးကလည်း  မြို့တော်ဝန် စကားကို ထောက်ခံ ပြောဆိုခဲ့သည်။

''ဒီပွဲက ပရိသတ် လေးသောင်းကျော်အတူရှိ နေခဲ့တဲ့အတွက် အားလုံး အိမ်ပြန်သွားတော့ သူတို့ မိသားစုတွေဆီ ရောဂါပိုးကို ပျံ့နှံ့စေခဲ့တယ်'' ဟု ပြောသည်။ 

Read 31 times Last modified on Saturday, 28 March 2020 13:26