SJ WorldNews - шаблон joomla Авто

ဘောလုံးအသင်းများ လစာ အဆင်ပြေစေရန် စပိန်ဘောလုံးအဖွဲ့ချုပ် ပေါင်သန်း ၄၅ဝ ထုတ်ချေး

Saturday, 28 March 2020 13:29 font size decrease font size decrease font size increase font size increase font size

COVID-19 ရောဂါကူးစက်မှုများကြောင့်   စပိန်၌ ဘောလုံးပွဲအားလုံး ရပ်နားထားရပြီး ကူးစက်ပျံ့နှံ့မှုသည်လည်း ပိုမို ဆိုးရွားလာခြင်းကြောင့် ရာသီသိမ်းရန် ဆက်ကစားနိုင်ရေး မရေရာတော့သဖြင့် ကလပ်အသင်းများ အနေဖြင့် ကစားသမား လစာပေးချေနေရမှု အတွက်  အကူအညီဖြစ်စေရေး   စပိန် ဘောလုံးအဖွဲ့ချုပ်မှ  ပေါင်သန်း ၄၅ဝ  ထုတ်ချေးခဲ့ကြောင်း ကြေညာခဲ့သည်။

အဆိုပါငွေကြေးများကို   စပိန်လာလီဂါ အသင်းများနှင့် ဆီဂန်ဒါလိဂ်မှ အသင်းများအတွက် အဓိက ထုတ်ချေးထားခြင်း ဖြစ်ပြီး  ပရော်ဖက်ရှင်နယ် မဟုတ်သော  ကလပ်အသင်းများ အတွက်လည်း ပေါင် ၃ ဒသမ ၆ သန်း ထုတ်ချေးသွားမည့် အပြင် နိုင်ငံအသင်း တည်းခိုသည့် ဟိုတယ်ကိုလည်း လိုအပ်လျှင် ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး နိုင်ငံ လက်ရွေးစင်အသင်းမှ စိတ်ပညာရှင်များ၊ အရိုးအကြောဆေး ပညာအဖွဲ့များကိုလည်း  ကျန်းမာရေး အခြေအနေအတွက် ထောက်ပံ့ပေးမည်ဟု ကြေညာခဲ့သည်။  

Read 42 times Last modified on Saturday, 28 March 2020 13:30