SJ WorldNews - шаблон joomla Авто

ရှန်ဟိုင်းရှင်ဟွာက တစ်ပတ်ပေါင် လေးသိန်းပေးပြီး အိုက်ဂါလိုကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းနေ၍ မန်ယူ အခက်တွေ့ဖွယ်ရှိ

Saturday, 28 March 2020 13:33 font size decrease font size decrease font size increase font size increase font size

မန်ယူအသင်းသည် ဇန်နဝါရီဈေးကွက်က မေ  ၃၁ ရက်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့သော နိုက်ဂျီးရီးယား တိုက်စစ်မှူး အိုက်ဂါလိုကို ယခု ရာသီ ကုန်တွင် အပြီးသတ်စာချုပ်ဖြင့် ခေါ်ယူရန် အိုက်ဂါလို၏ မိခင်အသင်းဖြစ်သော တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာနှင့် ညှိနှိုင်းနေရာ ပေါင် ၁၅ သန်းဖြင့် သဘောတူညီမှု ရလုနီးပါး အနေအထား ရှိနေသော်လည်း ယခုရှန်ဟိုင်းရှင်ဟွာ အသင်းက  အိုက်ဂါလိုကို မန်ယူထံ အပြီးရောင်းချခြင်းထက် တစ်ပတ်လစာ ပေါင် လေးသိန်းအထိ တိုးပေးပြီး နှစ်နှစ်စာချုပ် သက်တမ်းတိုးရန် ကမ်းလှမ်းထားသဖြင့် မန်ယူအနေဖြင့် အခက်တွေ့ရဖွယ်ရှိနေသည်။

လက်ရှိတွင် COVID-19 ရောဂါကြောင့် ဘောလုံးပွဲများ ရပ်နားထားရကာ  ပြန်ကစားရန် ခက်ခဲနေပြီး အစောဆုံး ရာသီသိမ်းနိုင်ချိန်သည် ဇွန် ၃ဝ ရက်ဖြစ်နိုင်သည့်အတွက် မန်ယူအသင်းသည် အိုက်ဂါလိုကို ရာသီကုန်အထိ ဆက်ကစားခိုင်းလျှင် နောက်ထပ်တစ်လ အငှားစာချုပ် သက်တမ်း တိုးရမည်ဖြစ်သည်။

 သို့သော် ရှန်ဟိုင်းရှင်ဟွာအသင်းသည် အိုက်ဂါလိုကို အသင်းတွင် ၂ဝ၂၄ ခုနှစ်အထိဆက်ရှိစေမည့် နှစ်နှစ်စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းထားရာ တွင် ယခင်ပေးထားသော တစ်ပတ်လစာပေါင် သုံးသိန်းမှ နောက်ထပ်တစ်သိန်း တိုးပေးပြီး ပေါင် လေးသိန်းအထိတိုးပေးထား၍ မန်ယူအနေဖြင့် အိုက်ဂါလိုကို အပြီးသတ်ခေါ်ယူလိုပါက ပြောင်းရွှေ့ကြေးကို တတ်နိုင်သော်လည်း တစ်ပတ် လစာပေါင်လေးသိန်းပေးနိုင်ရန်ခက်ခဲဖွယ်ရှိနေသည်။

Read 51 times Last modified on Saturday, 28 March 2020 13:35