SJ WorldNews - шаблон joomla Авто

ဇွဲကပင်ယူနိုက်တက်အသင်းပွဲစဉ်များ၌ ကွင်းလယ်ဒိုင် ဦးသန့်ဇင်ဦးကို တာဝန်မပေးရန် မြန်မာ နေရှင်နယ်လိဂ် ကော်မတီသို့ စာပေးပို့တောင်းဆို

Sunday, 29 March 2020 10:57 font size decrease font size decrease font size increase font size increase font size

ဇွဲကပင်ယူနိုက်တက်အသင်းအနေဖြင့်  ကွင်းလယ်ဒိုင် ဦးသန့်ဇင်ဦး၏ဆုံးဖြတ်ချက် များကို  မကျေနပ်သဖြင့်  ဇွဲကပင်ယူနိုက် တက်အသင်းယှဉ်ပြိုင်မည့်   နောက်ပိုင်း ပွဲစဉ်များ၌ ၄င်းကို တာဝန်မပေးရန် မြန်မာ နေရှင်နယ်လိဂ်ကော်မတီသို့   စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။

မတ်၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌  မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁ဝ)အဖြစ်  ဟံသာဝတီယူနိုက်တက် နှင့် ဇွဲကပင်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ခဲ့ရာ    ဇွဲကပင်ယူနိုက်တက်အသင်းက

၎ ဂိုး - ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ် တွင်  တာဝန်ယူခဲ့သည့်  ကွင်းလယ်ဒိုင်  ဦးသန့်ဇင်ဦးသည် ဟံသာဝတီယူနိုက်တက် အသင်းကို ပယ်နယ်တီ နှစ်ကြိမ် ကန်ခွင့်ပြု ခဲ့၍ ၄င်း၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ဇွဲကပင်ယူနိုက်တက်အသင်းက  မြန်မာ နေရှင်နယ်လိဂ် ကော်မတီသို့ တရားဝင်  စာပေးပို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဇွဲကပင်ယူနိုက်တက်အသင်းကို အနိုင်ရရှိ ခဲ့သဖြင့်  ဟံသာဝတီယူနိုက်တက်အသင်း သည် အမှတ်ပေး ဇယား အဆင့်(၁)နေရာ၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။  

TZW

Read 70 times