SJ WorldNews - шаблон joomla Авто

Lock Down လုပ်ရာတွင် ရဲတပ်ဖွဲ့ကိုအားဖြည့်ရန် မက်ဂရီဂေါ်တောင်းဆို

Tuesday, 31 March 2020 09:49 font size decrease font size decrease font size increase font size increase font size

ဒဗ္ဗလင် မတ် ၃ဝ

ယူအက်ဖ်စီဖိုက်တာ ကမ္ဘာကျော် တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်က အိုင်ယာလန်နိုင်ငံ၌  COVID-19 ရောဂါ  ကူးစက်နေခြင်းကြောင့်  မတ် ၂၇ ရက်က အရေးပေါ်လိုအပ်ချက်မရှိဘဲ အိမ်ပြင်မထွက်ရ၊ မိသားစုမှလွဲလျှင် ကျန်သူများနှင့် လူစုလူဝေးမနေရဟု နိုင်ငံတစ်ဝန်း Lock Down လုပ်ရန် အမိန့်ထုတ်ပြန်ရာတွင်  ရဲတပ်ဖွဲ့ကို  အိုင်ယာလန် စစ်တပ်အနေဖြင့် ပါဝင် ကူညီပါရန် တောင်းဆိုခဲ့သည်။

မက်ဂရီဂေါ်ကFacebook စာမျက်နှာတွင် လေးမိနစ်စာ ဗီဒီယိုဖိုင်တင်ပြီး နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင်အင်အားဖြင့် ကင်းလှည့် ထိန်းချုပ်နေရခြင်းအတွက် စစ်တပ်မှ ပါဝင်ကူညီရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မက်ဂရီဂေါ်က ''အခု ကျွန်တော်တို့ တိကျတဲ့ လိုက်နာမှုတွေကို လက်တွေ့လုပ်ကြရင် အောင်နိုင်မှာပါ။ ကျွန်တော်တို့ အစိုးရအနေနဲ့ ကိုယ်တွေရဲ့တပ်မတော်ကို အားဖြည့်အကူ အညီယူသင့်ပါပြီ။  ကျွန်တော်တို့ စစ်တပ်က ရဲတပ်ဖွဲ့ဝင်တွေကို တတ်နိုင်သမျှ ထောက်ပံ့ အားဖြည့်ပေးစေချင်ပါတယ်''ဟု ပြောသည်။

အိုင်ယာလန်နိုင်ငံ၌ Lock Down လုပ်ထားသော်လည်း လေဆိပ်များ ဆက်လက်ဖွင့်ထားဆဲ ဖြစ်ရာ မက်ဂရီဂေါ်က လေဆိပ်များကိုလည်း အားလုံးပိတ်ရန် လိုအပ်နေပြီဟု တိုက်တွန်း ခဲ့သည်။

 Ref:Dailymail

Read 26 times Last modified on Tuesday, 31 March 2020 09:50