SJ WorldNews - шаблон joomla Авто

မန်စီးတီးကွင်း COVID-19 စီမံကိန်းနှင့်သင်တန်းပေးရန်အသုံးပြုမည်

Tuesday, 31 March 2020 09:50 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ မတ် ၃ဝ

မန်စီးတီးအသင်း၏ အီတီဟက်ကွင်းကို COVID-19 ရောဂါနှင့် ပတ်သက်သော စီမံကိန်းများ နှင့် သင်တန်းများ အသုံးပြုရန် မန်စီးတီးအသင်းဘက်မှ ကမ်းလှမ်းခဲ့မှုကို အင်္ဂလန်အမျိုးသား   ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်းဖြစ်သော NHS ကလက်ခံခြင်းကြောင့် နောက်တစ်ပတ် မှစ၍ အသုံးပြုမည်ဖြစ်သည်။

အီတီဟက်ကွင်း၌ လူနာများအား ထားရှိမည်မဟုတ်ဘဲ ကွင်းနှင့် နှစ်မိုင်အကွာ၌ရှိသော မန်ချက်စတာ ဗဟိုကုန်သွယ်ရေး အဆောက်အအုံ၌သာ ထားရှိကုသနေသည်။ အမျိုးသား ကျန်းမာရေး ဝန်ဆောင်မှုအဖွဲ့သည် COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစီမံကိန်းများ ချမှတ်ခြင်းနှင့် ဆေးဝန်ထမ်းများကို သင်တန်းပေးရန် အီတီဟက်ကွင်းကို အသုံးပြုမည်ဖြစ် သည်။       

Ref:Dailymail

Read 25 times Last modified on Tuesday, 31 March 2020 09:52