SJ WorldNews - шаблон joomla Авто

၁ဝ နှစ်အတွင်း အာဆီယံဒေသတွင်းမှ အာရှအဆင့်ပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ရရှိသည့် ကလပ်အသင်းအဆင့်တွင် မြန်မာနိုင်ငံက အဆင့် (၆) နေရာ၌ ရပ်တည်

Tuesday, 31 March 2020 09:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပခဲ့သည့် ကလပ်အသင်းအဆင့်ပြိုင်ပွဲများတွင် အာဆီယံဒေသတွင်း ၁၁ နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက အဆင့် (၆) နေရာ၌ရပ်တည်ခဲ့ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ကလပ်အသင်း အဆင့်မြင့်ဆုံးပြိုင်ပွဲအဖြစ် အာရှချန်ပီယံပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲတို့ကို ကျင်းပခဲ့သည်။  အဆိုပါပြိုင်ပွဲနှစ်ခုတွင် အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကလပ်အသင်းများက အများ ဆုံးပါဝင်ခွင့်ရရှိပြီး စုစုပေါင်း ၁ဝ သင်း ပါဝင်ခွင့်ရရှိခဲ့ကြသည်။

အာရှကလပ် အဆင့်ပြိုင်ပွဲများသို့ မြန်မာနိုင်ငံမှ ဧရာဝတီယူနိုက်တက်အသင်း၊ မကွေးအသင်း၊ နေပြည်တော်အသင်း(ဖျက်သိမ်း)၊ ရန်ကုန်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပါဝင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့က အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစစ်ပွဲအဆင့်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကာ ကျန်အသင်းများမှာ AFC Cup ပြိုင်ပွဲသာ ပါဝင်ခွင့်ရရှိခဲ့သည်။

အာရှကလပ် အဆင့်ပြိုင်ပွဲများသို့ ပါဝင်ခွင့်ရရှိသည့် အများဆုံးနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့နောက်၌ မလေးရှားနိုင်ငံက ရှစ်သင်းဖြင့် အဆင့်(၃)၊ ထိုင်းနိုင်ငံက လည်းရှစ်သင်းဖြင့် အဆင့်(၄)၊ စင်ကာပူနိုင်ငံက ခုနစ်သင်းဖြင့် အဆင့်(၅)၊ မြန်မာနိုင်ငံက ခြောက်သင်းဖြင့် အဆင့်(၆)၊ ကမ္ဘောဒီးယားနိုင်ငံက လေးသင်းဖြင့် အဆင့် (၇)၊ ဖိလစ်ပိုင် နိုင်ငံက သုံးသင်းဖြင့်အဆင့် (၈)၊ လာအိုနိုင်ငံက နှစ်သင်းဖြင့် အဆင့် (၉)၊ ဘရူနိုင်းနိုင်ငံက တစ်သင်းဖြင့် အဆင့် (၁ဝ) နှင့် တီမောနိုင်ငံက တစ်သင်းဖြင့် အဆင့် (၁၁)နေရာ၌ အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။

TZW

Read 35 times Last modified on Tuesday, 31 March 2020 09:53