SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ် ကစားသမားများ လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူရဖွယ်ရှိနေ

Wednesday, 01 April 2020 10:30 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

ပရီးမီးယားလိဂ် ကစားသမားများသည် အင်္ဂလန်ဘောလုံး လောကတွင်  ပရီးမီးယားလိဂ်မှ ၀င်ငွေများကို အောက် တန်း လိဂ်မှ အသင်းများအတွက်  ၀င်ငွေခွဲတမ်းပေးရသည့် စည်းမျဉ်း ရှိထားသည့်အတွက် လက်ရှိ COVID-19 ရောဂါ ကူးစက်နေ မှုကြောင့် ပွဲများရပ်ထားရခြင်း နောက်ဆက်တွဲအဖြစ် ဘဏ္ဍာရေးအကျပ်ရိုက်မည့် အောက်တန်းလိဂ်များမှ အသင်းများကို  ကယ်တင်နိုင်ရန် လစာ ၂၀ ရာခိုင်နှုန်း လျှော့ယူရဖွယ်ရှိနေသည်။

The Sun သတင်းစာ၏ ဖော်ပြမှုအရ အင်္ဂလန် ပရော် ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်၊ ပရီးမီးယားလိဂ်နှင့်  အင်္ဂလန်ဘောလုံးလိဂ်တို့သည်  အရေးပေါ်အစည်းအဝေးခေါ် ယူခဲ့ပြီးနောက်  အသင်းငယ်များ၏ ဘဏ္ဍာရေးအခြေ အနေ အခက်အခဲကို ဖြေရှင်းနိုင်ရန် နည်းလမ်း ရှာဖွေခဲ့သည်ဟု ဆိုသည်။ ထိုအရေးကိစ္စ အဖြေရှာရာတွင် ပရီးမီးယား လိဂ်နှင့်  သဘောတူညီမှု မရနိုင်သေးသော်လည်း ပရီးမီးယားလိဂ် ကစားသမားများ၏ လစာကို ယခုရာသီ လက်ကျန် သုံးလအတွင်း  ၂၀ရာခိုင်နှုန်းလျှော့ယူခြင်းဖြင့် အသင်းငယ်များကို  ကယ်တင်နိုင် မည်ဟု ဆွေးနွေးတင်ပြ ထား ကြောင်း သိရသည်။

ထိုသို့ ဆုံးဖြတ်ခဲ့လျှင်  ပရီးမီးယားလိဂ် ကစားသမားများ၏ လစာလျှော့ယူရမည့် ငွေကြေးပမာဏသည် ပေါင်သန်း ၁၀၀ ခန့် အထိရှိနိုင်သည်။   

Read 25 times Last modified on Wednesday, 01 April 2020 10:31