SJ WorldNews - шаблон joomla Авто

ဘာစီလိုနာ အသင်း ယူရိုသန်း ၁၀၀ ခန့် ဆုံးရှုံးနိုင်၍ ကစားသမားများ လစာ ၇၀ ရာခိုင်နှုန်း လျှော့ ချရန်နှင့်ယာယီ အနားပေးမှု လုပ်ရန်ရှိ

Wednesday, 01 April 2020 10:32 font size decrease font size decrease font size increase font size increase font size

ဘာစီလိုနာ မတ် ၃၁

COVID-19 ရောဂါကြောင့် ဥရောပထိပ်တန်းဘောလုံးပွဲများ ရပ်ဆိုင်းထားရသည့်အတွက်  လာမည့်လအတွင်း ဘာစီလိုနာ အသင်းသည် လက်မှတ်ရောင်းခ၊ ရုပ်သံထုတ်လွှင့်ခ၊ ချန်ပီယံလိဂ်ဝင်ငွေနှင့် ဈေးကွက်ဖော်ဆောင်မှုမှ ၀င်ငွေများ  ယူရိုသန်း ၁၀၀ ခန့် ဆုံးရှုံးနိုင်ဖွယ်ရှိသောကြောင့် အသင်းဘဏ္ဍာရေးယိမ်းယိုင် သွားခြင်းမရှိစေရန် အသင်းဥကဋ္ဌ ဘာတိုမီယူနှင့်ဘုတ်အဖွဲ့သာမက မက်ဆီအပါအ၀င်  ကစားသမားအားလုံးကို  လစာ ၇၀ ရာခိုင်နှုန်း  လျှော့ယူစေရန်  ကပ်ဘေးဆိုက်ချိန် လုပ်ငန်းရှင်များဥပဒေနှင့်အညီလုပ်နိုင်သော ERTE လျှောက်လွှာတင် မည်ဖြစ် ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းမှ ကစားသမားများနှင့်နည်းပြအားလုံးသည် အသင်းဘဏ္ဍာရေး ကပ်ဆိုက်နိုင်သည့်အတွက် လေးလစာ လစာများ လုံးဝမယူရန် ဆုံးဖြတ် ခဲ့ကြသော်လည်း ဘာစီလိုနာအသင်းသည် ကစားသမားများကို လစာ ၇၀ ရာခိုင်နှုန်း လျှော့ယူရန် ကမ်းလှမ်း ပြောဆိုထားမှုကို မက်ဆီအပါအ၀င် ကစားသမားများက လက်မခံနိုင်ကြောင်း သိရသည်။ စပိန်သတင်းစာ မာကာ၏ ဖော်ပြမှုတွင် ဘာစီလိုနာအသင်းသည် ERTE လျှောက်လွှာတင်ပြီးပါက ကစားသမားများနှင့် အသင်းဥကဋ္ဌ၊ ဘုတ်အဖွဲ့အပါအ၀င် အားလုံးကို လစာ ၇၀ ရာခိုင်နှုန်း လျှော့ပေးသွားရုံသာမက မလိုအပ်သည့်ဝန်ထမ်းများကို အလုပ်မှယာယီရပ်နား ပေးပြီး လစာမပေးရရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

Read 31 times Last modified on Wednesday, 01 April 2020 10:33