SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားသည့် အာရှဗိုဗီနမ်ပြိုင်ပွဲ ခေတ္တဆိုင်းငံ့

Friday, 03 April 2020 10:24 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဗိုဗီနမ်

အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ယခုနှစ်ဇွန်လတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်ရထားသော်လည်း COVID-19 ရောဂါကြောင့် ခေတ္တဆိုင်းငံ့လိုက်ကြောင်း မြန်မာ နိုင်ငံ ဗိုဗီနမ်အဖွဲ့ချုပ် မီဒီယာတာဝန်ခံ  ဦးဆလိုင်းဟာထန်းက ပြောသည်။

''အာရှပြိုင်ပွဲကို ဒီနှစ်မှာ ကျွန်တော်တို့ ကျင်းပခွင့်ရထားပါတယ်။ ပြိုင်ပွဲကို ဇွန်လမှာ ကျင်းပဖို့ လျာထားပေမယ့် COVID-19 ရောဂါကြောင့် ပြိုင်ပွဲကိုခေတ္တ ဆိုင်းငံ့ထားရပါတယ်'' ဟု  ဦးဆလိုင်းဟာထန်းက ပြောသည်။

မြန်မာနိုင်ငံဗိုဗီနမ် အဖွဲ့ချုပ်သည် အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကစားသမားများကို  စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ရန် ကနဦးကစီစဉ်ခဲ့သော်လည်း COVID-19 ရောဂါကြောင့် လေ့ကျင့်မှုများ ရွှေ့ဆိုင်းခဲ့ရပြီး သင်တန်းဖွင့်လှစ်မှုများကိုလည်း ရပ်နားထားရသည်။ အာရှ ဗိုဗီနမ်အဖွဲ့ချုပ်ကလည်း COVID-19 ရောဂါပျံ့နှံ့မှု အခြေအနေများကို စောင့်ကြည့်လျက် ရှိသည်။

ဗိုဗီနမ်အားကစားနည်းမှာ ဗီယက်နမ်ရိုးရာ တိုက်ခိုက်ရေး အားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံဗိုဗီနမ်အဖွဲ့ချုပ်သည် ယင်းအားကစားနည်းဖြင့် နိုင်ငံအတွက် ဆုတံဆိပ်များ ရယူပေးထား နိုင်ခဲ့သည်။

၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (၆)ကြိမ်မြောက် ကမ္ဘာ့ ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ဆုနှစ်ခု၊ ငွေတံဆိပ်ဆုငါးခုနှင့် ကြေး တံဆိပ်ဆုခြောက်ခု ဆွတ်ခူးပေးနိုင်ခဲ့သည်။               

TZW

Read 35 times Last modified on Friday, 03 April 2020 10:26