SJ WorldNews - шаблон joomla Авто

မိမိမျက်နှာဓာတ်ပုံပါ ပလတ်စတစ်ပုံတူဖြင့် ကြည့်ရှုအားပေးရန် မိုချန်ဂလာဘတ်အသင်း ပရိသတ်များစီစဉ်နေ

Friday, 03 April 2020 10:26 font size decrease font size decrease font size increase font size increase font size

ဂလာဘတ်၊ ဘောလုံး

COVID-19 ရောဂါကြောင့် ဂျာမန်ဘွန်ဒက်စ်လီဂါပွဲများကို ဧပြီလကုန်အထိ ရပ်နားထားရာ ပြန်ကစားလျှင်လည်း ကွင်းတံခါးပိတ်ပြီး ပရိသတ်မပါဘဲ ကစားရန်သာရှိသဖြင့် မိုချန်ဂလာ ဘတ်ပရိသတ်များသည် မိမိတို့အသင်းကို ပရိသတ် ၅ဝဝဝဝ ခန့် အားပေးသကဲ့သို့ရှိစေမည့် အစီအစဉ်တစ်ရပ်ဖြင့် အားပေးရန် စီစဉ်နေကြသည်။

ဘွန်ဒက်စ်လီဂါသည်လည်း ရုပ်သံဝင်ငွေရရှိရန် ရာသီလက်ကျန်ပွဲများ ကစားရမည်ဖြစ်ရာ   ပရိသတ်မပါဘဲ ကစားရမည့် အခြေအနေရှိနေသဖြင့် ဂလာဘတ်ပရိသတ်များအဖွဲ့ဖြစ်သော Fanprojekt Monchengladbach အဖွဲ့မှဦးဆောင်ပြီး ပရိသတ်များအနေဖြင့် ကွင်းအတွင်း မသွားနိုင်သော်လည်း မိမိတို့ခုံနံပါတ်များ၌ လူအရွယ်အစားပလတ်စတစ်ပုံတူနှင့် မျက်နှာတွင် လက်မှတ်ပိုင်ရှင်၏ ဓာတ်ပုံကပ်ပြီး ကွင်းလုံးပြည့်အားပေးသကဲ့သို့ စီစဉ်နေခြင်းဖြစ်ကာ ထို ပလတ်စတစ်ပုံတူ တစ်ခုအတွက် ၁၉ ယူရို (ပေါင် ၁၆ ဒသမ ၅) ကုန်ကျမည်ဟု သတင်း ထုတ်ပြန်သည်။

ထိုသို့လုပ်ရခြင်းမှာ အသင်းကို အားပေးရာရောက်သကဲ့သို့ အရုပ်တစ်ခုချင်းစီ ရောင်းရမှုမှ နှစ်ယူရိုကို အသင်းပရိသတ်ကလေးငယ်ဖြစ်သော ဘန်၏ကျောရိုး ကြွက်သားကျုံ့ခြင်း ဝေဒနာ ကုသရန်နှင့် တခြားခွဲတမ်းတစ်ရပ်ကိုလည်း ပွဲမရှိသဖြင့် ဝင်ငွေမရှိဖြစ်နေသည့် Fan Club ဝန်ထမ်းခုနစ်ဦးအတွက် ခွဲဝေပေးမည် ဖြစ်ကြောင်း သိရသည်။

Ref:Dailymail

Read 39 times Last modified on Friday, 03 April 2020 10:27