SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ်အသင်း ကစားသမားများကို လစာလျှော့ယူရန် မတောင်းဆိုရဲ လစာလျှော့လျှင် စာချုပ်ချိုးဖောက်ရာရောက်ပြီး ကစားသမားများ အလွတ်ထွက်ခွာနိုင်

Friday, 03 April 2020 10:27 font size decrease font size decrease font size increase font size increase font size

လန်ဒန်၊ ဘောလုံး

COVID-19 ရောဂါကြောင့် ဘောလုံးပွဲများ ရပ်နားထားရသဖြင့် ကလပ်အသင်းများ ဝင်ငွေ များစွာ ထိခိုက်နေပြီး ကစားသမားများလစာကို ပေးချေနေရဆဲဖြစ်သောကြောင့် ဂျူဗင်တပ်စ်၊ ဘာစီလိုနာအပါအဝင် ထိပ်တန်းအသင်းများသည် ကစားသမားများလစာကို လျှော့ပေးနေချိန် ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ကစားသမားများကို လစာလျှော့ယူရန် မတောင်းဆိုရဲ ကြောင်းသိရသည်။

အကြောင်းမှာ ကစားသမားများနှင့် ချုပ်ဆိုထားသော စာချုပ်များအရ အသင်းဘက်က မည်သည့် အကြောင်းပြချက်နှင့်မှ လစာလျှော့ပေးခြင်းမျိုး မလုပ်နိုင်ဘဲ ထိုသို့လုပ်ခဲ့လျှင် စာချုပ်ကို ချိုးဖောက်ရာရောက်သည့်အတွက် ကစားသမားများဘက်ကလည်း အသင်းမှ အလွတ်ပြောင်းရွှေ့ထွက်ခွာခွင့် ရှိနေသည့်အတွက် ကစားသမားများဆုံးရှုံးရမည့် အရေး ကြောက်ရသောကြောင့်ဖြစ်ကြောင်း သိရသည်။

COVID-19 ရောဂါကြောင့် ပွဲများရပ်ဆိုင်း ထားရချိန်တွင် ကလပ်အသင်းများသည် ကစား သမားများကို လစာယာယီလျှော့ယူရန် ပန်ကြားလိုသော်လည်း ပရော်ဖက်ရှင်နယ်စာချုပ်အရ ထိုသို့လုပ်လျှင် ဥပဒေကြောင်းအရ တုံ့ပြန်လာမည်ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်သာစည်းရုံးပြီး လစာများလျှော့ယူရန် စီစဉ်ရဖွယ်ရှိသည်။ မတ် ၃၁ ရက်က စပါးအသင်း သည်လည်း နယူးကာဆယ်ကဲ့သို့ ကစားသမားမဟုတ်သော ဝန်ထမ်း ၅၅ဝ စလုံးကို လစာ ၂ဝ ရာခိုင်နှုန်းလျှော့ယူရန် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သို့သော် အစိုးရက ထောက်ပံ့ပေး အပ်ငွေများကြောင့် လစာ ၈ဝ ရာခိုင်နှုန်းနှင့် ထောက်ပံ့ကြေးပေါင်းလျှင် သိသာသော ဝင်ငွေ လျော့နည်းမှု မဖြစ်နိုင်ပေ။ ပရီးမီးယားလိဂ်၊ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အစည်း အရုံး၊ လိဂ်မန်နေဂျာများ အစည်းအရုံးတို့သည် ဧပြီ ၁ ရက်တွင် ကစားသမားများ လစာ လျှော့ချနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်  ပြုလုပ်ခဲ့ကြသည်။

ပရော်ဖက်ရှင်နယ်စာချုပ်အရ လစာလျှော့မရသော်လည်း ကစားသမားများကို လစာရက် ရွှေ့ဆိုင်းမှုဥပဒေနှင့် လစာယာယီလျှော့ချနိုင်ရေး ကစားသမားတစ်ဦးချင်းစီနှင့် သဘောတူညီ ချက် ရယူပြီး လုပ်ဆောင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။                  

Ref:Dailymail

Read 30 times Last modified on Friday, 03 April 2020 10:29