SJ WorldNews - шаблон joomla Авто

ယူရိုသန်း ၁ဝဝ တန်ကစားသမားခေါ်ယူမှုမျိုး ရီးယဲလ်ပြုလုပ်မည်မဟုတ်

Friday, 03 April 2020 10:30 font size decrease font size decrease font size increase font size increase font size

မက်ဒရစ်၊ ဘောလုံး

စပိန်သတင်းစာများဖြစ်သော မာကာနှင့် အေအက်စ်တို့၏ မျက်နှာဖုံးတွင် ရီးယဲလ်အသင်း အနေဖြင့် ယခင်က ကြယ်စင်စုအသင်းအဖြစ် ကမ္ဘာ့အကောင်းဆုံးကစားသမားများကို စံချိန် တင်ပြောင်းရွှေ့ကြေးများစွာပေးပြီး ခေါ်ယူနေသော်လည်း ထိုမူဝါဒမှာ ကုန်ဆုံးသွားပြီဖြစ်၍ နောက်ထပ် ယူရိုသန်း ၁ဝဝ တန် ကစားသမားသစ်များ ရောက်လာနိုင်စရာမရှိတော့ဟု ဖော်ပြ ထားသည်။

ဇီဒန်းသည် အသင်းကို အကောင်းဆုံးပုံစံ ပြန်တည်ဆောက်နိုင်ရန် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး အမ်ဘပ်ပီနှင့် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာတို့ကို ခေါ်ယူရန် ဆန္ဒပြင်းပြနေသော်လည်းလက်ရှိ ဘောလုံးလောကအခြေအနေသည် COVID- 19 ရောဂါကြောင့် ဘဏ္ဍာရေး အခြေအနေများ ဆိုးရွားရန် သေချာသဖြင့် ရီးယဲလ်အသင်းက ယူရိုသန်း ၁ဝဝ တန်ကစားသမားမျိုး  ထပ်မံခေါ်ယူရန် မဖြစ်နိုင်တော့ဟုဆိုရာ နည်းပြဇီဒန်း အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။

လက်ရှိ ရီးယဲလ်အသင်း စာချုပ်သက်တမ်းရှိ ကစားသမားပေါင်း ၃၇ ဦးအထိရှိနေပြီး ၂၆ ဦးမှာ  အသင်းတွင်ကစားနေကာ ၁၁ ဦးမှာ အငှားချထားသည့်အတွက် ကစားသမားဖောင်းပွနေခြင်း ကြောင့် ရီးယဲလ်အသင်းက ကစားသမား သစ်ထပ်မခေါ်ဘဲရှိသည့် ကစားသမားများနှင့်သာ  ဆက်လက်ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။                  

Ref:Marca

Read 48 times Last modified on Friday, 03 April 2020 10:31