SJ WorldNews - шаблон joomla Авто

မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ၏ ရာသီဝက် အပြောင်းအရွှေ့ ကာလကို ဇွန်လသို့ ပြောင်းလဲ သတ်မှတ်မည်

Thursday, 09 April 2020 12:20 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဘောလုံး

COVID-19 ရောဂါကြောင့် ယခုနှစ် ဇန်န၀ါရီလအတွင်းက စတင်ကျင်းပသည့် ၂၀၂၀မြန်မာ နေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲကို မတ် ၂၄ ရက်မှ စတင် ရပ်နားပြီး  ပွဲစဉ်အားလုံး  ရွှေ့ဆိုင်းခဲ့ရာ ဧပြီ ၆ ရက်မှ မေ ၅ ရက် အထိ ဖွင့်လှစ်ပေး ရန်စီစဉ်ထားသည့်   ရာသီဝက် အပြောင်း အရွှေ့ကာလကိုလည်း ဇွန် ၁ ရက်မှ ၃၀ ရက်သို့ ပြောင်းလဲ သတ်မှတ်ပေးရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်  FIFA သို့ တင်ပြထားပြီးဖြစ်သည်။ 

ထို့ပြင် ယင်းအပြောင်းအရွှေ့ ကာလကိုသက်ဆိုင်ရာ ကလပ်အသင်းများသို့လည်း တရားဝင်စာဖြင့် အသိပေး အကြောင်းကြား ပြီးဖြစ်သည်။

ယခုပြောင်းရွှေ့ မှုသည် အဆိုပါကာလ မတိုင်မီ COVID-19 ရောဂါ ထိန်းချုပ်နိုင်ပြီး နိုင်ငံတော်မှ ပွဲလမ်းသဘင်များ၊ အားကစားပွဲများ ပြန်လည်ကျင်းပခွင့်ပြုမှသာ အကျုံးဝင်မည်ဖြစ်ကာ ထိုအချိန်ထိ အားကစားပွဲများ ပြန်လည် ကျင်းပရန် မဖြစ်နိုင်သေးပါက ယင်းရာသီဝက် အပြောင်း အရွှေ့ကာလကို FIFAသို့ တင်ပြကာ ထပ်မံရွှေ့ဆိုင်း မည်ဖြစ်သည်။

 

Read 92 times Last modified on Thursday, 09 April 2020 12:24