SJ WorldNews - шаблон joomla Авто

ဂျပန်ဘော်လီ ဘောလိဂ်မှ ပြန်လာသည့် လက်ရွေးစင် ကစားသမား အောင်သူ ၁၄ ရက် စောင့်ကြည့်မှုခံယူ

Thursday, 09 April 2020 12:25 font size decrease font size decrease font size increase font size increase font size

ရန်ကုန်၊ ဧပြီ 

ဂျပန်ဘော်လီဘော လိဂ်တွင် သွားရောက် ကစားပြီး မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာ့ လက်ရွေးစင် ဘော်လီဘော ကစားသမား အောင်သူသည် ရန်ကုန်မြို့ လှိုင်အားကစားရုံအနီး MICT  RC-2  ရှိ သူငယ်ချင်း နေအိမ် တိုက်ခန်း၌ ၁၄ ရက် စောင့်ကြည့်မှု ခံယူနေသည်။

အောင်သူသည်  ယခုနှစ်တွင် ဂျပန် ဘော်လီ ဘောကလပ် တိုရေးအသင်း၌ သွားရောက် ကစားခဲ့ပြီး လက်ရှိတွင် COVID-19 ရောဂါကြောင့် ပြိုင်ပွဲများ ရွှေ့ဆိုင်း ထားသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းဖြစ်သည်။

၎င်းင်းသည် ဧပြီလဆန်းက ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ ညွှန်ကြား ချက် အတိုင်း ၁၄ ရက်တာ COVID-19 ရောဂါ စောင့်ကြည့်မှု ခံယူနေခြင်းဖြစ်သည်။

““ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ပြည်ပက ပြန်လာသူတိုင်းကို ၁၄ ရက် သီးသန့် စောင့်ကြည့်မှု ပြုလုပ်နေပါတယ်။ ကျွန်တော်နေ တဲ့နေရာက အခန်းအသစ်လည်း ဖြစ်သလို သန့်ရှင်းပါတယ်။ ဒီမှာ ၁၄ ရက်နေပြီးရင် ကျွန်တော့်နယ်ကိုပြန်မှာပါ။ အားလုံးအဆင်ပြေပါတယ် ”” ဟု အောင်သူကပြောသည်။

အောင်သူသည်  ၂၀၁၁ ခုနှစ်မှစ၍ ထိုင်း၊ ဗီယက်နမ် ဘော်လီဘောကလပ် အသင်းများတွင် ကစားခဲ့ဖူးကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ဂျပန်ကလပ်တိုရေး အသင်းသို့ ပြောင်းရွှေ့ကစားနေသည်။

အောင်သူသည်  ထိုင်းဘော်လီဘော ကလပ် နာခွန် ရတ်ချက်စီမာ အသင်းနှင့် အတူ ချန်ပီယံဆု ရရှိခဲ့ဖူးပြီး ထိုင်း ဘော်လီ ဘောပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး ကစားသမား ဆုလည်း ရယူထားနိုင်သည်။

Read 107 times Last modified on Thursday, 09 April 2020 12:28