SJ WorldNews - шаблон joomla Авто

အမျိုးသမီးလိဂ် ပြိုင်ပွဲ၌ မန္တလေး ယူနိုက်တက်အသင်း ၀င်ရောက်ယှဉ်ပြိုင်မည်

Thursday, 09 April 2020 12:28 font size decrease font size decrease font size increase font size increase font size

မန္တလေး၊ ဘောလုံး

ယခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင်  မန္တလေး မြို့အခြေစိုက် မန္တလေး ယူနိုက် တက်အမျိုးသမီးအသင်း ၀င်ရောက် ယှဉ် ပြိုင်မည်ဖြစ်ကြောင်း အသင်းစီအီးအို ဦးဘုန်းပြည့်စုံက ပြောသည်။

မန္တလေး ယူနိုက်တက် အသင်းကို ၂၀၁၉ခုနှစ် မတ်လက  ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့ အခြေစိုက် လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့် 3 Plus Energy ကုမ္ပဏီမှ ဦးသက်ပိုင်ဦးက တည်ထောင် ထားခြင်းဖြစ်ကြောင်း သိရသည်။

““မန္တလေး ယူနိုက်တက်အသင်းကို လူ ငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာပါ။ သက်တမ်းအလိုက် လက်ရွေးစင် ကစားသမားတချို့လည်းပါမယ်။  ဂန္ဓမာ အသင်းက ကစားသမားတချို့ကိုလည်း ခေါ်ဖို့ ချိတ်ဆက် ထားပါတယ်။ အသင်းကို စတည်ထောင်ကတည်းက စုဖွဲ့လေ့ကျင့် ထားပြီး ခြေစမ်းပွဲတွေလည်း ကစားထား ပါတယ်။ အခုတော့ COVID-19 ရောဂါကြောင့် အသင်းရဲ့လေ့ကျင့်မှုကို ခဏရပ် နားထားပါတယ်””ဟု ဦးဘုန်းပြည့်စုံဦးက ပြောသည်။

ထို့ပြင် မန္တလေး ယူနိုက်တက်ဘောလုံး အကယ်ဒမီကိုလည်း ယခုနှစ်အတွင်း ဖွင့်လှစ်ရန်  ရည်မှန်းထားကြောင်း  သိရသည်။

မန္တလေး ယူနိုက်တက် အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိတွင် ကစားသမား ၂၀ ဦးအထိ ရွေးချယ် ထားပြီးဖြစ်သည်။

ယင်းအသင်းကို နည်းပြများအဖြစ်  ဦးဝင်းလှိုင်ဦး၊ ဦးဝင်းတင်၊ ဦးကျော်ဇေယျ နှင့် ဒေါ်သန္တာအောင် တို့က တာဝန်ယူလျက်ရှိသည်။

Read 105 times Last modified on Thursday, 09 April 2020 12:44