SJ WorldNews - шаблон joomla Авто

COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဧရာဝတီယူနိုက်တက်အသင်းက ဆေးပစ္စည်းများလှူဒါန်း

Thursday, 09 April 2020 13:15 font size decrease font size decrease font size increase font size increase font size

ပုသိမ် ဧပြီ ၈

မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲဝင်  ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် အသင်းတစ်သင်းဖြစ်သည့်   ဧရာဝတီ ယူ  နိုက်တက်အသင်းသည်  COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အတွက် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံ  ငွေကျပ် ၄၇၃၈၀၀၀ တန်ဖိုးရှိ  ဆေးပစ္စည်းများကို ဧပြီ ၈ ရက်က လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဧရာဝတီယူနိုက်တက်အသင်း အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေး အဖွဲ့များအသုံးပြုရန်  အသက်ရှူစက်  တစ်လုံး၊ PPE  ၀တ်စုံ ၁၀၀၊ N-95 Mask ၁၃၀၊ Mask၄၈၀၊ လက်သန့်ဆေးရည် (20 Liter) ငါးပုံး၊ အပူချိန်တိုင်းစက် ၁၀ ခုတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါငွေကျပ် ၄၇၃၈၀၀၀ တန်ဖိုးရှိ ဆေးပစ္စည်းများကို ပုသိမ်မြို့ရှိ ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဧရာဝတီ ယူနိုက်တက်အသင်းမှ တာဝန်ရှိသူများနှင့် ကစားသမားများက သွားရောက် လှူဒါန်း ခဲ့ရာ တာဝန်ရှိသူများ က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကလည်း ဧရာဝတီယူနိုက်တက်အသင်း ပရိသတ်များက   COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများအတွက် တစ်ဦးချင်း လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။                     

 

 

Read 105 times Last modified on Thursday, 09 April 2020 15:54