SJ WorldNews - шаблон joomla Авто

Dragon Leg တီရယ်ထန်

Sunday, 17 May 2020 08:43 font size decrease font size decrease font size increase font size increase font size

 

ယခုနှစ်တွင် ONE Championship ပြိုင်ပွဲသို့ရောက်ရှိလာသည့် မျက်နှာသစ် ကစားသမား  ချင်းတိုင်းရင်းသား Dragon Leg တီရယ်ထန်သည်   ပွဲဦးထွက်နှစ်ပွဲ ဆက်တိုက်    အနိုင်ရထားသူဖြစ်သည်။ တီရယ်ထန်သည် နောက်ဆုံး ကစားသည့်ပွဲတွင်  ONE   Warrior   Series မှ လက်စွမ်းပြလာသည့်   တောင်ကိုရီးယား နိုင်ငံသားပြိုင်ဘက်ကို   အပြတ်အသတ် အနိုင်ယူခဲ့သော တီရယ်ထန်သည် အနာဂတ် အတွက်    အလားအလာ ကောင်းသည့် ကစားသမားတစ်ဦးဖြစ်သည်။

 

တီရယ်ထန်သည် ၎င်း၏ကြိုးဝိုင်းနာမည် ဖြစ်သော Dragon Leg  ဟူသည့်အမည်ကို ငယ်စဉ်က  ကိုယ်ခံပညာသိုင်းပေါင်းစုံရက်တိုသင်တန်းတစ်ခု တက်ရောက်ရာမှ ရလာခဲ့ခြင်းဖြစ်သည်။ သီတင်းသုံးပတ်ကြာ တက်ရောက်ခဲ့ရသည့်  အဆိုပါသင်တန်းတွင် သင်တန်းဆရာက ၎င်းကို ချင်းတိုင်းရင်း သားတစ်ဦး ဖြစ်ကြောင်းသိခဲ့ပြီး    ၎င်း၏ဖိနပ်စီးပုံနှင့်   ခြေထောက်အနေအထား ကိုကြည့်၍ Dragon Legဟု အမည် ပေး ခဲ့သည်။  ယင်းအမည်သည်  ၎င်း၏အမှတ်အသားဖြစ်လာပြီး ပရော်ဖက်ရှင်နယ်ပြိုင်ပွဲများယှဉ်ပြိုင်သည့်အခါ ကြိုးဝိုင်း နာမည်အဖြစ်  အသုံးပြုခဲ့ကြောင်း သိရသည်။          

Read 59 times Last modified on Sunday, 17 May 2020 08:46