SJ WorldNews - шаблон joomla Авто

ပြီးခဲ့သည့်နှစ်က ရာသီသိမ်းနောက်ဆုံးပွဲ လုပ်ပွဲကစားကြောင်း သတင်းထွက်ပေါ်လာ၍ ဗီလာရီးယဲလ်နှင့် ဂီတာဖေးအသင်းတို့ငြင်းဆို

Monday, 18 May 2020 08:56 font size decrease font size decrease font size increase font size increase font size

ပြီးခဲ့သည့်နှစ်က ရာသီသိမ်းနောက်ဆုံးပွဲ လုပ်ပွဲကစားကြောင်း သတင်းထွက်ပေါ်လာ၍ ဗီလာရီးယဲလ်နှင့် ဂီတာဖေးအသင်းတို့ငြင်းဆို

 

ပြီးခဲ့သည့်နှစ်က ရာသီသိမ်းနောက်ဆုံးပွဲဖြစ်သော ဗီလာရီးယဲလ်နှင့် ဂီတာဖေးတို့ပွဲသည် လုပ်ပွဲဖြစ်ကြောင်း မေ ၁၅ ရက်က စပိန်မီဒီယာများတွင် ပါရှိလာရာ နှစ်သင်းစလုံးက ချက်ချင်းငြင်းဆိုကြသည်။ ၂၀၁၉ ခုနှစ် မေ ၁၈ ရက် တွင်ကစားသည့် ဂီတာဖေးနှင့် ဗီလာရီးယဲလ်တို့ပွဲသည် လုပ်ပွဲဖြစ်ပြီး ထိုလုပ်ပွဲ ကို အဓိကဖန်တီးသူမှာ စပိန်ဘောလုံးသမားဟောင်း ကားလို့စ်အာရန်ဒါဖြစ်ကာ   ၎င်းနှင့် အက်စတီဘန်၊ ဂီတာဖေးအသင်း ခေါင်းဆောင်တို့ကြား လုပ်ပွဲအတွက် ဖုန်းဖြင့် မက်ဆေ့ချ်များပို့ထားသည့်အထောက်အထားများကြောင့် ယခုကဲ့သို့ စွပ်စွဲခံရခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှရယူထားနိုင်သည့် ဖုန်းမက်ဆေ့ချ်တွင် အက်စတီဘန်က အာရန်ဒါထံ ဂီတာဖေးအသင်းခေါင်းဆောင် ဂျော့ချ်မိုလီနာအား လုပ်ပွဲကစားပေးရန် တောင်းဆိုခိုင်းခြင်းပါဝင်နေသည်။ အက်စတီဘန်သည် ထိုပွဲကို လုပ်ပွဲကစားပေးရန် ဗီလာရီးယဲလ်အသင်းမှ ကစားသမားခုနစ်ဦးအား ယူရို နှစ်သန်း (ပေါင် ၁ ဒသမ ၈ သန်း) ပေးထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့မှုလည်း ပါဝင်သည်။

ထိုစွပ်စွဲချက်နှင့်ပတ်သက်၍ ဂီတာဖေးအသင်းက အသင်းခေါင်းဆောင် မိုလီနာ ဒီလုပ်ပွဲစွပ်စွဲချက်မှာ မပါဝင်ကြောင်း ခြွင်းချက်မရှိ ထောက်ခံပါတယ်။  ဘယ်လိုမသမာတဲ့လုပ်ရပ်ကိုမှ  မလုပ်ခဲ့ကြောင်းနဲ့  ဒီသတင်းကိုဖြန့်ပေးကြဖို့  တောင်းဆိုပါတယ် ဟု ဂီတာဖေးအသင်းက ငြင်းချက်ထုတ်ပြန်ခဲ့ပြီး ဗီလာ ရီးယဲလ်အသင်းကလည်း စွပ်စွဲချက်ကိုငြင်းဆိုခဲ့သည်။         

Read 40 times